
Japanese fire-belliednewtအမည်ရပုတ်သင်မျိုးစိတ်တွေဟာ ဂျပန်နိုင်ငံသစ်တောများမှာအစုလိုက် အပြုံလိုက်တွေ့ရတဲ့မျိုးစိတ်တစ်ခုပဲဖြစ်ပါတယ်။ပုတ်သင်အမျိုးအစားများဖြစ်ကြသော်လည်းလေ့လာသူပညာရှင်တို့မှာအခြားပုတ်သင်မျိုးစိတ်များကဲ့သို့တွားသားသတ္တမျိုးစိတ်မှာထည့်သွင်းထားခြင်းမရှိဘဲရေပုတ်သင်မျိုးစိတ်ခွဲတစ်ခုအဖြစ်သတ်မှတ်ထားကြပါတယ်။ထူးခြားသောအရောင်နဲ့ဆန်းပြားနေတဲ့ဒီပုတ်သင်တွေဟာကိုယ်တိုင်ခုခံမှုယန္တရားတစ်ခုကိုလည်းပိုင်ဆိုင်ထားပါသေးတယ်

ခန္ဓာကိုယ်မှာအနက်ရောင်တောက်ပပြီးအနီရောင်၊လိမ္မော်ရောင်အစက်ပြောက်များပါရှိကာခန္ဓာကိုယ်အရောင်တို့ဟာအသက်၊ မျိုးရိုးဗီဇနဲ့ဒေသအလိုက်အရောင်ကွဲပြားမှုရှိတတ်ပါတယ်။သစ်တောများမှာများစွာတွေ့ရတဲ့မျိုးစိတ်တစ်ခုဖြစ်ပြီးစီးဆင်းမှုနှေးကွေးသောရေများ၊ရေသေအိုင်များမှာလည်းနေထိုင်လေ့ရှိကြကာအခြားပုတ်သင်များနဲ့မတူဘဲရေအောက်မှာအသက်ရှူနိုင်တဲ့အရေပြားကိုလည်းပိုင်ဆိုင်ထားပါတယ်။နွေဦးအစမှာသားပေါက်ကြပြီးပုတ်သင်မျိုးရင်းများနည်းတူပတ်ဝန်းကျင်နဲ့လည်းလိုက်လျောညီထွေစွာနေထိုင်နိုင်ကြပါတယ်

ထူးခြားတဲ့ဒီပုတ်သင်မျိုးစိတ်တွေဟာတော့၎င်းတို့စားသောက်သောအစားအစာများမှအဆိပ်များကိုအရေပြားမှာစုဆောင်းထားနိုင်ပြီး(tetrodotoxin)ကဲ့သို့သောအဆိပ်များစွာပါရှိကာထိုအဆိပ်ဖြင့်သားရဲများကိုပြန်လည်းခုခံတတ်ပါတယ်။ထူးခြားသောဇီဝစက်ဝန်းကိုပိုင်ဆိုင်ထားကြပြီးခန္ဓာကိုယ်မှပျက်စီးဆုံးရှုံးသွားသောအစိတ်အပိုင်းများမှာသဘာဝအလျှောက်ပြန်လည်ရှင်သန်နိုင်စွမ်းလည်းရှိကြပါတယ်။Japanese fire-bellied newt မျိုးရင်းတူမျိုးစိတ်ခွဲလေးမျိုးရှိပြီးလက်ရှိမှာအရေအတွက်အလွန်ကျဆင်းနေတဲ့မျိုးစိတ်တစ်ခုဆိုလည်းမမှားပါဘူး