ဂျပန်နိုင်ငံရဲ့အကြီးဆုံး လိပ်ပြာမျိုးစိတ်
mmload.com
|
2024-02-08

အရှေ့တောင်အာရှဟာထူးခြားသောဇီဝမျိုးစုံမျိုးကွဲများပြည့်နေတဲ့အာရှတိုက်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဇီဝမျိုးစုံမျိုးကွဲများစွာအနက်မှာ Japaneseemperorအမည်ရလိပ်ပြာမျိုးစိတ်တစ်ခုဟာလည်းအပါအဝင်ဖြစ်ပါတယ်။ဂျပန်၊ကိုရီးယား၊တရုတ်၊ထိုင်ဝမ်းမြောက်ပိုင်း၊ဗီယက်နမ်မြောက်ပိုင်းတို့မှစတင်ပျံ့ပွားခဲ့တဲ့ ဒီလိပ်ပြာလေးတွေဟာ၎င်းတို့ရဲ့ထူးခြားတဲ့အရောင်အသွေးနဲ့လှပတဲ့ပုံစံကြောင့်လူသိများပြီးကြီးမားတဲ့အသွင်ကြောင့်ထင်ရှားလာရခြင်းလည်းဖြစ်ပါတယ်


သစ်ပင်သစ်တောထူးထပ်သောတောတောင်များမှာတွေ့ရများပြီးအချိန်အများစုကိုသစ်ပင်ရဲ့ထိပ်ဖျားပိုင်းမှာဘဲ နားခိုရင်းကုန်ဆုံးကြပါတယ်။လိပ်ပြာအမများဟာလည်းအထီးများနည်းတူကြီးမားတဲ့အတောင်ပံများပါရှိသော်လည်းအထီးများကဲ့သို့တောက်ပမှုတော့မရှိပါဘူး။Japanese emperor(ဂျပန်ဧကရာဇ်လိပ်ပြာ)ဟု လူသိများထင်ရှားပြီး အတောင်မှာ ၁၀ စင်တီမီတာအထိရှည်လျားကာဂျပန်နိုင်ငံရဲ့အကြီးဆုံးလိပ်ပြာမျိုးစိတ်တစ်ခုအဖြစ်သတ်မှတ်ခံထားရသည်သာမက nationalbutterfly အဖြစ်လည်းသတ်မှတ်ထားပါတယ်


အထီးများဟာကိုယ်ပိုင်နယ်မြေများသတ်မှတ်ကာနေထိုင်တတ်ကြပြီးသစ်ပင်များပေါ်မှာပျံဝဲနေတတ်ကာ စာငှက်များလိုက်လံဖမ်းဆီးချိန်များမှာပင်ကောင်းမွန်စွာပျံသန်းနေတတ်ကြောင်းလည်းသိရပါတယ်။Japanese emperor တွေရဲ့ ပျံသန်းမှုပုံစံဟာလိပ်ပြာနှစ်သက်သူတို့အကြားမှာတော့ကျက်သရေရှိသော  ပျံသန်းမှုပုံစံအဖြစ်လက်ခံထားကြပြီး လိပ်ပြာဝါသနာအိုးများအကြားအနှစ်သက်ဆုံးမျိုးစိတ်တစ်ခုလည်းဖြစ်ပါတယ်။ထူးခြားလှပတဲ့ ဂျပန်ဧကရာဇ်လိပ်ပြာဟာလက်ရှိအချိန်မှာတော့မျိုးသုဉ်းပျောက်ကွယ်နိုင်မှုအန္တရာယ်များနဲ့ရင်ဆိုင်နေရပြီးထိန်းသိမ်းစောင့်ရှောက်ရေးများပြုလုပ်ရန်လိုအပ်နေပြီဖြစ်ကြောင်းလေ့လာသူတို့ဆိုထားပါတယ်





Some text some message..