ဂျပန်နိုင်ငံရဲ့အမျိုးသားမျောက်အဖြစ် သတ်မှတ်ခံထားရတဲ့ဂျပန်နှင်းမျောက်များ
mmload.com
|
2024-02-13

Japanese macaque အမည်ရှိနှင်းမျောက်မျိုးစိတ်ဟာဂျပန်နိုင်ငံမှာတွေ့ရတဲ့မျောက်မျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။အထူးသဖြင့် ဟွန်ရူး၊ရှီကိုကု နဲ့ ကျူရူးတို့မှာအဓိကနေထိုင်ကြပြီး အလွန်အေးတဲ့ဒေသများ အပါအဝင် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ ၁၅၀၀မီတာခန့်အထိတွေ့နိုင်တဲ့မျိုးစိတ်တစ်ခုလည်းဖြစ်ပါတယ်။ဆန်းပြားတဲ့အသွင်သဏ္ဍာန်ကိုပိုင်ဆိုင်ထားတဲ့ ဒီမျောက်မျိုးစိတ်တွေဟာဂျပန်နိုင်ငံရဲ့အမျိုးသား မျောက်များအဖြစ်သတ်မှတ်ခံထားရတဲ့မျောက်မျိုးစိတ်တစ်မျိုးလည်းဖြစ်ပါတယ်


အုပ်စုဖွဲနေထိုင်ကြပြီးအုပ်စုတစ်စုမှာအကောင် ၂၀ မှ ၃၀ ခန့်အထိရှိကာအထီးတစ်ကောင်မှဦးဆောင်တတ်ကြပါတယ်။နှင်းထူထပ်သောတောင်တန်းများမှာအဓိကတွေ့ရပြီးထိုသို့အလွန်အေးတဲ့ဒေသတွေမှာနေထိုင်နိုင်ခြင်းမှာသဘာဝအတိုင်းဖြစ်ပေါ်နေသောရေပူစမ်းများကြောင့်ဖြစ်ကြောင်းသိရပါတယ်။ Japanese macaque များဟာအအေးမိတဲ့အခါမှာထိုရေပူစမ်းမှ ရေပူကိုအသုံးပြုကာကာကွယ်ကြတတ်ကြကြောင်းသိရပါတယ်


Japanese macaque တွေရဲ့ရေပူစမ်းမှာရေချိုးခြင်းအကြောင်းအရင်မှာအခြားသောအကြောင်းအရင်းများလည်းရှိနေကြောင်းသုတေသီတို့သုံးသပ်ထားကြပါတယ်။Kyoto တက္ကသိုလ်မှသုတေသီအဖွဲ့များဟာလေ့လာတွေ့ရှိချက်များအရ ဒီမျောက်များဟာ စိတ်ဖိစီးမှုခံရသောအခါ ဖြစ်ပေါ်လာသောခန္ဓာကိုယ်တွင်းအပူချိန်ကိုထိန်းညှိရန်ထိန်းညှိနိုင်ရန်အကြာခဏရေချိုးခြင်းဖြစ်ကြကာ ရေပိုချိုးသောမျောက်များမှာ အခြားမျောက်များထက်စိတ်ဖိစည်းမှုလျော့နည်းကြောင်းသိရပါတယ်





Some text some message..