ဇီဝမျိုးစုံမျိုးကွဲများစွာရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့အကြီးဆုံးသဲကန္တာရကြီး
mmload.com
|
2024-02-20

Great Basin သဲကန္တာရကြီးဟာအမေရိကန်ပြည်ထောင်စုရဲ့အကြီးဆုံးသဲကန္တာရဖြစ်ပြီးစတုရန်းမိုင်ပေါင်း ၁၉၀၀၀၀ ခန့်ကျယ်ဝန်းတဲ့နေရာကြီးတစ်ခုပဲဖြစ်ပါတယ်။ကြီးမားတဲ့ဒီသဲကန္တာရကြီးဟာ ပူပြင်းတဲ့ နွေရာသီ နဲ့ အေးမြတဲ့ဆောင်းရာသီတို့ အကြားတွင်တော့သမပိုင်းအေးသောသဲကန္တာရကြီးတစ်ခုအဖြစ်ရှိနေတတ်ပါတယ်။ ကြီးမားကျယ်ဝန်းတဲ့Great Basin မှာပေပေါင်၉၈၀၀ ကျော်မြင့်တဲ့ တောင်ထွတ်ပေါင်း ၃၀ကျော်လည်းရှိနေပြန်ပါတယ်


ကျယ်ပြန့်ပြီးမြင့်မားသောသစ်တောကြီးများနဲ့ မြင့်မားသောချိုင့်ဝှမ်းကြီးများစွာရှိနေတဲ့ဒီသဲကန္တာရကြီးဟာ မြောက်အမေရိကရှိဇီဝဗေဒအရဆိုင်ရာအရေးပါတဲ့ သဲကန္တာရကြီးအဖြစ်သတ်မှတ်ခံထားရတဲ့ ကန္တာရ ၄ ခုအနက်တစ်ခုလည်းဖြစ်ပါတယ်။ ဇီဝမျိုးစုံမျိုးကွဲပေါင်းများစွာရှိနေတဲ့ဒီ Great Basin မှာတွေ့ရတဲ့ ဇီဝမျိုးစိတ်များဟာတောင်ထိပ်များအကြားသိသာထင်ရှားသောကွဲလွဲမှုများကြောင့် နေထိုင်ရာအမြင့် ပေအလိုက်ကွဲပြားမှုများလည်းရှိနေပါတယ်


ကြီးမားတဲ့ဒီ Great Basinမှာ ကျောရိုးရှိသတ္တဝါမျိုးစိတ်ပေါင်း၆၀၀ ကျော်ရှိကာ မျိုးစိတ် ၆၃ မျိုးဟာ သဘာဝ အလျောက်ထိန်းသိမ်းစောင်ရှောက်ရန်လိုအပ်သော ရှားပါမျိုးစိတ်များပင်ဖြစ်ကြပါတယ်။ကန္တာရကြီးရဲ့ပတ်ဝန်းကျင်မှာလည်းရေခဲခေတ်ပြီးနောက်ခြောက်သွေ့သွားသော Pleistocene ရေကန်များများရှိနေပါတယ်။ ထိုကန်များမှရေကန်များမှာ တစ်ကန်နဲတစ်ကန်တူညီမှုမရှိဘဲဆားငန်ဓာတ်နဲ့ အယ်ကာလီဓာတ်များလည်းလက်ရှိအချိန်အထိကျန်ရှိနေပါတယ်။ Bristlecone  ထင်းရှူးပင်များဟာလည်း ထိုကန္တာရကြီးရဲ့ထင်ရှားတဲ့ဒဏ္ဍာရီလာအမှတ်အသားများဖြစ်ကြကာ ထောင်စုနှစ်ပေါင်းများစွာကတည်းကရှိခဲ့ပြီးကမ္ဘာ့သက်တမ်းအရှည်ဆုံးသတ္တဝါများအဖြစ်သတ်မှတ်ခံထားရကာ နှစ်ပေါင်း ၄၉၅၀ ကျော်သက်တမ်းရှိပြီဖြစ်ကြောင်းသိရပါတယ်





Some text some message..