တောက်ပတဲ့ လိမ္မော်ရောင်အမွှေး နဲ့ မျောက် ကိုသိတဲ့သူတွေရှိလား
mmload.com
|
2024-03-04


Golden lion tamarin လို့ခေါ်တဲ့ Golden marmoset တွေဟာ Brazil နိုင်ငံ Atlantic ကန်းရိုးတန်းဒေသ နဲ့ Rio de Janeiro.တောင်ပိုင်းမိုးသစ်တောတွေမှာတွေ့ရ တဲ့ မျောက်အမျိုးအစားတွေပဲဖြစ် ပါတယ်။ ပုံမှန်ထက်ပိုတောက်ပတဲ့ လိမ္မော်ရောင်အမွှေးတွေကိုပိုင်ဆိုင်ထားပြီး တစ်နေ့ ၁၂ နာရီနီးပါး လှုပ်ရှားနိုင်ကြပါတယ်။ Goldenlion tamarin တွေဟာ အထီးနဲ့ အမအရွယ်အစားကတော့ အများစွာကွာခြားမှုမရှိပါဘူး။


လိမ္မော်ရောင်အမွှေးနဲ့မျောက်တွေဟာအစုံစားသတ္တဝါတွေပဲဖြစ်ပါတယ်။ ပန်းများ၊ အသီးအနှံ နဲ့ ပန်းဝတ်ရည်များကိုသာမကဖားများ၊ ပိုးကောင်များ အပြင် အိမ်မြှောင်များကိုလည်းစားသုံးကြပါတယ်။ ဒါပေ့မယ့် Goldenlion tamarin တွေဟာ သိမ်းငှက်၊ လင်းယုန်၊ မြွေ ၊ တောကြောင် တွေရဲ့တစ်ဖန်ပြန်လည်အမဲလိုက်ခြင်းကိုလည်း ခံရပါတယ်။


၂၀၁၆ -၂၀၁၈ခုနှစ်တွင်ဖြစ်ပွားခဲ့သော Yellow fever ကပ်ရောဂါ ဒဏ်ကိုခံစားခဲ့ရပြီးအရေအတွက်မှာ ၃၂ %အထိလျော့ကျခဲ့ပါတယ်။ Yellow fever ကပ်ရောဂါကိုကာကွယ်နိုင်ရန်အတွက် Brazil သိပ္ပံပညာရှင်များ ကကာကွယ်ဆေးဖော်စပ်ကာ ၂၀၂၁ မှ စတင်၍ ၂၀၂၃ ဖေဖော်ဝါရီလ အထိ Goldenlion tamarin အရေအတွက်၃၀၀ကျော်ကိုကိုကာကွယ်ဆေးများထိုးပေးနိုင်ခဲ့ပါတယ်။

 သဘာဝမှာ ၁၀နှစ်မှ ၁၅နှစ်အထိရှင်သန်နိုင်သော်လည်း  စနစ်တကျမွေးမြူထားပါက နှစ်၂၀ကျော်ထိ အသက်ရှင်နိုင်ကြပါတယ်။ Goldenlion tamarin တွေဟာ အသက် ၁နှစ်ခွဲကျော်မှာ ကိုယ်ဝန်စတင်ဆောင် နိုင်ကာများသောအားဖြင့် အမွှာမွေးလေ့ရှိ တာကလဲ သူတို့ရဲ့ထူးခြားချက်ပဲဖြစ်ပါတယ်။




Some text some message..