ကမ္ဘာ့အကြီးဆုံး ဂျပန်ပင့်ကူဂဏာန်းများ
mmload.com
|
2024-03-07

Japanese spider crab အမည်ရ ပင့်ကူဂဏာန်းတွေဟာ crustaceansမျိုးစိတ်ပေါင်း ၆၀၀၀၀ မှာ အကြီးဆုံး မျိုးစိတ်တစ်မျိုးပဲဖြစ်ပါတယ်။ဂျပန်နိုင်ငံ ရဲ့ ပစိဖိတ်ကမ်းခြေမှ ထိုင်ဝမ်းတောင်ဘက်အစွန်ပိုင်းအထိတွေ့ရှိရကာရေအောက်အနက်ပေ ၁၆၄ ပေ နဲ့ ၁၆၄၀ ပေကြားမှာကောင်းစွာရှင်သန်နေထိုင်နိုင်ကြပါတယ်။ကြီးမားတဲ့ ဒီပင့်ကူဂဏာန်းကြီးများရဲ့ သက်တမ်းဟာလည်း နှစ်ပေါင်းတစ်ရာနီးပါးရှင်သန်နေထိုင်နိုင်ကြကြောင်းလည်း သိရ ပါတယ်


ဂျပန်အမည်မှာ Taka-Ashi-Gani  ဖြစ်ပြီး အရပ်ရှည်သောပင့်ကူများလို့အမည်ရပါတယ်။ထူးခြားမာကြောသော ပြင်ပအခွံမာအဖွဲ့အစည်းများကိုပိုင်ဆိုင်ထားပြီး လိုအပ်ပါကအပြင်အခွံဟောင်းများ ကို စွန့်ကာ အခွံ အသစ် ပြန်လည်တည်ဆောက်တတ်ကြပါသေးတယ်။ထိုကဲ့သို့တည်ဆောက်ရာမှာလည်း အသစ်ဖွဲ့စည်းလိုက် သောအခွံ ဟာ အနည်းငယ်ပိုမိုပျော့ပြောင်းကာနှစ်ပတ်အတွင်းမှာပင်ပြန်လည်သန်မာလာကြပါတယ်။ ထိုကဲ့သို့ အခွံ အသစ် တည်ဆောက်ခြင်လုပ်ငန်းစဉ်ဟာဒီဂျပန်ပင့်ကူဂဏာန်းများ အတွက်တော့ အချိန်ကြာ မြင့်စွာလုပ်ဆောင် ရတဲ့ခက်ခဲသောလုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်


၎င်းတို့ရဲ့ကြမ်းတမ်းသောပုံသဏ္ဍာန်ကြောင့်ဘီလူးကြီးများဟုပင်တင်စားခံရပေမယ့် ထူးခြားစွာပဲ ဒီအကောင် တွေဟာနုညံတဲ့သတ္တဝါတွေပဲဖြစ်ပါတယ်။ မကြာသေးမှီနှစ်များအတွင်မှာ အကောင်ရေများစွာကျဆင်းခဲ့ပြီး အဖွဲ့အစည်းများမှကာကွယ်မှုများလုပ်ဆောင်ရန်ကြိုးပမ်းနေကြပါတယ်။Japanese spider crabဟာ မိတ်လိုက် ရာသီမှာ ရေတိမ်ပိုင်းများတွင်ကောင်းစွာနေထိုင်ပေါက်ဖွား‌တာကြောင့် ဇန်နဝါရီ မှ ဧပြီလများအတွင်း ပင့်ကူ ဂဏာန်းများဖမ်းယူခြင်းမပြုရန် ဂျပန်အာဏာပိုင်များမှ ဥပဒေထုတ် ကာတားမြစ် ထားကြောင်း လည်းသိရပါတယ်





Some text some message..