Hyenas လို့ ခေါ်တဲ့ ခွေးအ
mmload.com
|
2024-03-13

 Hyenas က မြန်မာလိုတော့ " ခွေးအ " လို့ ခေါ်တယ်. ခွေးအ ဟာ ရိုင်းစိုင်းပြီး လူနဲ့ ယဉ်ပါးအောင် လုပ်လို့ မရပါဘူး လူနှင့် တခြားအကောင်တွေကို တွေ့တာနဲ့ ရန်ရှာတတ်သော အမျိုးအနွယ်တွေ ဖြစ်တယ်...  . အုပ်စုဖွဲ့ကာ နေတတ်ပြီး  အုပ်စုလိုက် ရန်ရှာတိုက်ခိုက်တတ်တယ်...အုပ်စုနဲ့သာဆို ဘာမဆို လုပ်ရဲကြတယ် တကောင်ထဲ ဆိုရင်တော့ အလွန်သူရဲဘောကြောင်ပြီး ကြောက်တတ်လွန်းတဲ့ အကောင်များ ဖြစ်တယ် 


တောထဲ၌ ကျား၊ ခြင်္သေ့ စသော သားရဲတိရစ္ဆာန်များ နောက်မှ နောက်ယောင်ခံလိုက်ကာ ယင်းတို့၏ စားကြွင်းစားကျန်များ ကိုလည်း လိုက်လံ စားသောက်တတ်ကြပါတယ်  ကျင်လည်စွာ ပြေးလွှားတတ်ခြင်း၊ သဲသဲမဲမဲ ပြန်လည်ခုခံတတ်ခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံတွင် ခွေးအ များကို အမဲလိုက်ခွေးများဖြင့် အပျော် တမ်း အမဲလိုက်လေ့ ရှိကြတယ်


ခွေးအသည် အိမ်၌မွေးမြူလျှင် ယဉ်ပါးလွယ်သော်လည်း မင်္ဂလာမဲ့သောအသံနှင့် ညှီစို့စို့ကိုယ်အနံ့တို့ကြောင့် ယင်းတို့အား လူတို့မွေးမြူခြင်းမရှိကြပါဘူး

ခွေးအ ကို ဥရောပတိုက်အရှေ့တောင်ပိုင်း၊ အာရှတိုက် တောင်ပိုင်းနှင့် အာဖရိကတိုက်မြောက်ပိုင်းတွင် များစွာ တွေ့ရ တတ်သည်။ အာဖရိကတိုက်တွင်မူ ခွေးအ များကို အလျဉ်းမတွေ့ ရချေ။ မြန်မာနိုင်ငံတွင် ခွေးအ ကို ရခိုင်ရိုးမ အရှေ့ဘက်ရော အနောက်ဘက်ပါ တောစပ်ဒေသတွင် များစွာတွေ့နိုင်သည်။ 




Some text some message..