
ဘုမ္မသီးငှက်(Green Pigeon)သည် ခို၊ ချိုးတို့နှင့်အတူ "ကိုလမ်ဗီဒီ" မျိုးရင်းတွင် ပါဝင်၍ ထင်ရှားသော ငုမျိုးဖြစ်သည်။ အမွှေးအတောင်များမှာ တစ်ကိုယ်လုံး စိမ်းနေသောကြောင့် သစ်ရွက်စိမ်းများနှင့် ခွဲခြား၍ မရနိုင်ပေ။ တစ်နှစ်လုံး အသင်းအအုပ်နှင့် နေတတ်၍ သစ်ပင်များပေါ်၌သာ ကျက်စားလေ့ ရှိပါတယ် အထူးသဖြင့် အလေ့ပေါက် သဖန်းပင်များပေါ်၌ အတွေ့ရတတ်ပြီး သစ်ပင်ပေါ်၌ မလှုပ်မရှား နေတတ်ကြသောကြောင့် ငှက်တစ်အုပ် လုံးကိုပင် အောက်မှနေ၍ ကောင်းစွာ မမြင်နိုင်ချေ။

အသံကြားရမှသာ ယင်းတို့ရှိမှန်း သိရပါတယ် လူလေချွန်သကဲ့သို့အော်တတ်တဲ့ ဘုမ္မသီး၏ ခြေထောက်ဟာ ဝါ၍၊ မေးစေ့နှင့် လည်ချောင်း လိမ္မော်ရောင် ပေါက်နေပါတယ် အမြီးရင်း၌ အညိုတွင် အဖြူတန်းများရှိပြီး ပျံသန်းသည့်အခါ တောင်ပံ ရှိ အဖြူမှတ်ကြီးကို ကောင်းစွာ တွေ့နိုင်ပါတယ် အရွယ်နှင့် မလိုက်အောင် သန်မာကြီးမားသော ခြေချောင်းများ ရှိသောကြောင့် သစ်ပင်တက်ရာ၌ ကျွမ်းကျင်ကြပါတယ် ဘုမ္မသီးဟာ သစ်သီးများကို စားရာ သဖန်းသီးများကို အထူးနှစ်သက်ပြီး အစေ့၊ အဆန်၊ အဖူး၊ အစို့များကိုလည်းစားသောက်ကြပါတယ်

ဘုမ္မသီးငှက်ဟာ မတ်လမှ ဇွန်လအတွင်း သား ပေါက်ကြပါတယ် ချိုးကဲ့သို့အသိုက်ကို အကိုင်းအခက်များဖြင့် တော်သင့်ရုံ ပြုလုပ်တတ်သောကြောင့် မလုံခြုံသဖြင့် ဥများကို အောက်မှနေ၍ အထင်းသား မြင်နိုင်ပါတယ် တစ်မြုံလျှင် များသောအားဖြင့် ဥ အဖြူ ၂ လုံးရှိတတ်၏။ ဥများမှာ မာ၍ ချောမွတ်ပါတယ် ဘုမ္မသီးငှက်များကို အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံနှင့် သီဟိုဠ်ကျွန်းတွင် အနှံ့အပြား တွေ့ရ၍ အရှေ့ဘက်တွင် ဗီယက်နမ်တောင်ပိုင်းနှင့် ယိုးဒယားထိအောင် တွေ့ရသည်။ မြန်မာနိုင်ငံ၌ နေရာအနှံ့အပြားတွင် ကျက်စားကြသော်လည်း၊ အထူးသဖြင့် အပူပိုင်းဒေသများတွင် အတွေ့ရများတတ်ပါတယ်