New York နဲ့ Canada ကြားက ကမ္ဘာ့အကြီးဆုံးရေတံခွန်
mmload.com
|
2024-03-23

ပျမ်းမျှအမြင့် 51 မီတာ ( ၁၆၇ ပေ ) မြင့်တဲ့ နိုင်အာဂရာရေတံခွန်သည် အမေရိကန်နိုင်ငံ New York နှင့် ကနေဒါနိုင်ငံအလယ်ပိုင်းရှိ Ontario ပြည်နယ် နှစ်ခုကြားတွင် တည်ရှိပြီး Bridal Veil Falls ၊ American Falls နဲ့ Horseshoe Falls စတဲ့ရေတံခွန်သုံးခုပါဝင်တဲ့ ကမ္ဘာ့အကြီးဆုံး ရေတံခွန်များထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အခြားမြင့်မားသော ရေတံခွန်များနဲ့ မတူပဲ စီးဆင်းတဲ့ရေပမာဏ များပြားလှပြီး လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀ ခန့်ထဲက ရှိခဲ့တဲ့ တောင်စောင်းမှ ရေများစီးဆင်းကာ ရေတံခွန်ဖြစ်လာတယ်လို့ ဆိုပါတယ်။


ရေတံခွန်၏အစွန်းများသည် တစ်ဖက်ကို ပေ 2500 လောက်မြင့်ကြပါတယ်။ American falls မှာ 180 ပေမြင့်ပြီး 1100 ပေ ရှည်ပါတယ်။ Horseshoe Falls မှာ 670 မီတာ ( ၂၂၀၀ ပေ ) ကျယ်ပြီး Bridal Veil Falls မှာ 15 မီတာ ( ပေ ၅၀ ) ခန့်ရှိပါတယ်။ ရေတံခွန်သုံးခုစုပြီးဖြစ်ပေါ်လာတဲ့ နိုင်အာဂရာရေတံခွန်တွင် အကြီးဆုံးမှာ Horseshoe Falls ပဲဖြစ်ပါတယ်။ Niagara falls အောက်ရှိ မြစ်သည် ပျမ်းမျှ 170 ပေနက်ပြီး ရေတံခွန်မှ မြစ်ထဲသို့ ကျသွားပါက ရှင်သန်ဖို့ အခွင့်အလမ်းမရှိနိုင်ပါ။


ရေအားလျှပ်စစ် အလုံအလောက်ထုတ်ပေးပြီး ပြည်နယ်အတွက် များစွာအထောက်အကူပြုတဲ့အပြင် ရင်သပ်ရှုမောဖွယ်ကောင်းသော ‌ရှုခင်းအလှတရားများကြောင့် ကမ္ဘာလှည့်ခရီးသွားတွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့လို့ နိုင်ငံခြားဝင်ငွေလည်း အမြောက်အများရရှိခဲ့ပါတယ်။ ကြည်လင်တဲ့ရေ ၊ များပြားလှတဲ့ရေပမာဏ ၊ အေးချမ်းတဲ့ ရာသီဥတု ၊ ရင်သပ်ရှုမောဖွယ်ရှုခင်းများကြောင့် သွားကိုသွားသင့်တဲ့ ကမ္ဘာ့အကြီးဆုံး ရေတံခွန်ထဲက တစ်ခုပဲဖြစ်ပါတယ်။





Some text some message..