
1758 ခုနှစ်တွင် ဆွီဒင် ဇီဝဗေဒပညာရှင် Carl Linnaeus က စတင်တွေ့ရှိခဲ့ပြီး Draco Volans မျိုးစိတ်ဝင် အိမ်မြှောင်ပျံ တစ်မျိုးပဲ ဖြစ်ပါတယ်။ Draco များကို ပျံသန်းနေသောနဂါးများ လို့လည်းခေါ်ပြီး ကျယ်ဝန်းသောအရိုးများနဲ့ ဖွဲ့စည်းထားတဲ့ အမြှေးပါးလွှာ ကတဆင့် အရှိန်နှင့်လျှောစီးပျံသန်း ကြပါတယ်။အရှေ့တောင်အာရှ နဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်း တို့တွင် တွေ့ရှိရပြီး တောရိုင်းပိုးကောင် တစ်မျိုးလည်း ဖြစ်ပါတယ်။

အများဆုံး 60 မီတာ ( ပေ ၂၀၀ ) ထိ ပျံသန်းနိုင်ပြီး အရှည် ၂၀ စင်တီမီတာ ( ၇.၉ လက်မ ) သာရှိတဲ့ အိမ်မြှောင်ပျံမျိုးစိတ် ပဲဖြစ်ပါတယ်။ သစ်တောများ ၊ ကွမ်းသီးခြံများ ၊ ကျွန်းစိုက်ခင်းများ နဲ့ ချုံတောများတွင် တွေ့ရပါတယ်။ အဓိကအားဖြင့် အပူပိုင်းမိုးသစ်တောများရှိ သစ်ပင်များပေါ်တွင် နေထိုင်ကြပြီး သစ်တောမြေပြင်များတွင် တွေ့ရလေ့မရှိပါ။ ပုရွက်ဆိတ် ၊ ခြ ၊ အင်းဆက်ပိုးမွှားများကို စားသုံးကြပါတယ်။ Draco တို့အရောင်ဟာ သူတို့အနီးရှိ သစ်ရွက်ခြောက် ၊ သစ်ခေါက်အရောင်များနဲ့ တူအောင် ထူးခြားစွာ ပြောင်းလဲနိုင်ကြပါတယ်။

အိမ်မြှောင်ပျံများကို အိမ်မွေးတိရစ္ဆာန်အဖြစ် ထားပါက ရှင်သန်ဖို့ ပြုစုရခက်ခဲပြီး သစ်ပင်များနဲ့ ပြည့်နှက်နေတဲ့ တော နှင့်အတူလေကောင်းလေသန့်ရဖို့ လိုအပ်တာကြောင့် မမွေးမြူသင့်ပါဘူး ။ ပျော့ပျောင်းသော ခြေထောက် ၊ လေဟုန်စီးပြီးသွားနိုင်တဲ့ အတောင်ရွက် ၊ ရှည်လျားသောအမြီး ၊ လည်ဆံလုတ် များနဲ့ အိမ်မြှောက်ပျံများဟာ ဥဥမွေးသော တွားသွားသတ္တဝါတစ်မျိူးပဲ ဖြစ်ပါတယ်။