
တက္ကဆက်ပြည်နယ် Hays County ရှိ San Marcos Pool တွင်သာ တွေ့ရတဲ့ ပုတ်သင်ညိုသည် အရှည် ၅ လက်မ ခန့်ထိ ရှိနိုင်ပြီး ရေကန်ထဲရှိ သေးငယ်သော အင်းဆက် နဲ့ ခရုမျိုးစိတ်များကို စားကြပါတယ်။ ကုန်းနေရေနေသတ္တဝါတစ်မျိုး ဖြစ်ပြီး ရေမှ အောက်ဆီဂျင်ကို စုပ်ယူဖို့ ပြင်ပပါးဟက်များ ပါရှိကြပါတယ်။ ယူရီစီယာ မျိုးစိတ်မှ ဆင်းသက်လာပြီး သိပ္ပံနာမည် ယူရီစီယာ ရသေ့ဘူနီလို့ ခေါ်ကြပါတယ်။

ထူးခြားချက်ကတော့ ခြေလက်အင်္ဂါများ ပျက်စီးဆုံးရှုံးသွားပါက မူလအတိုင်း ပြန်လည်ထွက်ပေါ် ရှင်သန်နိုင်ပါတယ်။ ကျယ်ဝန်းပြီး ညီညာပြန့်ပြူးသော နှာတံ ၊ ဦးခေါင်း နဲ့ ဖုံးအောက်ထားသော အရေပြားအောက်တွင် အမြင်စွမ်းအင်မရှိသော မျက်လုံးများ ပါရှိပါတယ်။ အရေပြားရောင်ခြယ်ပစ္စည်း အနည်းငယ်သာ ပါဝင်တဲ့အတွက် အရောင်မှာ အဖြူရောင်ဖြစ်ပြီး သန့်ရှင်းအေးမြတဲ့ ရေကို လိုအပ်ကြပါတယ်။

အခုအခါ ရေထုညစ်ညမ်းမှုများ ၊ သဘာဝဘေးအန္တာရယ်များ ၊ ရေအလွန်အကျွံသုံးစွဲမှုများ ၊ အောက်ဆီဂျင်အလုံအလောက်မရရှိမှုများကြောင့် မျိုးသုန်းပျေက်ကွယ်တော့မယ့် အန္တာရာယ်နဲ့ ရင်ဆိုင်နေပါတယ်။ ကောင်းမွန်သောရေ ၊ လုံလောက်သော အောက်ဆီဂျင် ၊ ပြည့်စုံသောအစာများ နှင့်သာဆို ပျမ်းမျှအသက် 68 နှစ်ထိ နေထိုင်နိုင်ပြီး အများဆုံး နှစ် 100 ထိ ရှင်သန်နိုင်ကြပါတယ်။ ရှားပါးမျိုးစိတ်ဖြစ်ပြီး ယခုအချိန်ထိ မျက်မမြင်ပုတ်သင် များ မည်မျှရှိလဲ ဆိုတာ အတိအကျ မသိကြပါဘူး။