
ကြိုးကြာနီဆိုတာ မသိသူမရှိလောက်တဲ့ ခြေတံရှည်ရှည်နဲ့ လှပပြီး ဆန်းသစ်တဲ့ အရောင်းအဆင်းရှိတဲ့ ငှက်မျိုးစိတ်တွေဖြစ်ပါတယ်။ ကြိုးကြာနီကိုတော့ လူတိုင်းနီးပါးသိနိုင်ပမယ့် တော်တော်များများမသိတဲ့ အချက်ကတော့ ဒီငှက်မျိုးစိတ်တွေဟာ မိတ်လိုက်ဖို့အတွက် အမ ကစပြီး ပိုးပန်းကြရတာဖြစ်ပါတယ်။ အမက စပိုးပန်းပြီး အထီးကလည်း သဘောကျတဲ့အခါ အထီးတွေက အမနဲ့အတူတူလိုက်သွားတတ်ကြပါတယ်။

ကြိုးကြာနီတွေဟာ သစ္စာရှိကြပြီး သူတို့အတွက် လက်တွဲဖော်ကို ကိုယ်စီရွေးချယ်တဲ့အခါ နှစ်ပေါင်းများစွာကြာအောင် အဲ့ဒီလက်တွဲဖော်နဲ့ပဲ အတူတူ အသိုက်ဆောက်၊ အစားစားပြီး အိပ်စက်ကြပါတယ်။ သို့သော် ကြိုးကြာနီအမများသည် များသောအားဖြင့်မနာလိုပြီး သဝန်တိုတတ်ကြပါသေးတယ်။ ဒါကြောင့် ယင်းတို့အနားမှာ အခြားသိုက်တစ်ခုရှိပြီး အဲ့အသိုက်ကလည်း ဥဥကြတဲ့အခါ ကြိုးကြာနီအမ တွေဟာ အခြားသူတွေရဲ့ ဥ ကို ဖျက်စီးတာဒါမှမဟုတ် လှိမ့်ချတာမျိုး လုပ်တတ်ကြပါတယ်။

ကြိုးကြာနီတွေဟာ ညအခါမှသာ အစာစားကြလေ့ရှိတဲ့ ထူးထူးဆန်းဆန်းအကျင့်လေးတစ်ခုလည်းရှိပါသေးတယ်။ ဒါ့အပြင် ကြိုးကြာနီတွေဟာ အစာရှာတဲ့အခါ ယင်းတို့ရဲ့ ဥ◌ီးခေါင်းကို ရေအောက်မှာ အတန်ကြာနှစ်မြှုပ်ထားတတ်ကြလို့ ရေအောက်မှာလည်း အသက်ရှုနိုင်ရန်ကြိုးပမ်းကြပါတယ်။ ဒါပေမယ့် ကြိုးကြာနီတွေဟာ သူတို့နေထိုင်တဲ့နေရာက သူတို့ရဲ့လိုအပ်ချက်တွေနဲ့ မကိုက်ညီရင် အခြားနေထိုင်ရာနေရာတစ်ခုကို ပြောင်းရွှေ့သွားဖို့လည်း ဝန်မလေးကြပါဘူး။