ကမ္ဘာပေါ်က လူသိမများသေးတဲ့ အဆိပ်ရှိဖားမျိုးစိတ် ၄မျိုး
mmload.com
|
2024-04-04

1. Excidobates

ဘဲဥပုံအစက်အပြောက်တွေနဲ့ အညိုရောင်အရေပြားရှိတဲ့ Excidobates ဖားတွေကို ပီရူးနဲ့ အီကွေဒေါ ၊ တောာင်အမေရိကရှိ Maranon မြစ် ရေနုတ်မြောင်းများမှာ တွေ့ရပါတယ်။ Excidobates ဖားတို့ရဲ့ အရေပြားမှာပါတဲ့ အဆိပ်ဓာတ်ဟာ အာရုံကြောထိခိုက်‌နိုင်တဲ့အပြင် အခက်မသင့်ရင် လူ့အသက်ပါ ဆုံးရှုံးနိုင်ပါတယ်။


2. Harlequin poison frog

ကိုလံဘီယာနိုင်ငံ အနောက်ပိုင်း Choco ဒေသတွင် အစုလိုက်အပြုံလိုက် တွေ့ရတဲ့ အဆိပ်ပြင်းဖားတစ်မျိုးပဲ ဖြစ်ပါတယ်။ သစ်တောကြမ်းပြင် ၊ ကမ်းစပ်ရေစပ် များကြားတွင် ‌ပုန်းကွယ် နေထိုင်တတ်ကြပါတယ်။ အညိုရင့်ရောင်အရေပြားရှိပြီး ကျောပေါ် နဲ့ ပေါင်နားတို့မှာ လိမ္မော်ရောင်အကွက်လေး ရှိတဲ့ Harlequin အဆိပ်ဖားတွေရဲ့ အဆိပ်ဟာ နှလုံးကို အဆိပ်သင့်စေပါတယ်။


3. Lehmann's poison frog

ကြိုးနီအဆိပ်ဖားလို့ ခေါ်တဲ့ Lehmann's poison frog တွေကို ကိုလံဘီယာ အနောက်ဘက်ခြမ်းရှိ အပူပိုင်းမိုးသစ်တောတွေမှာ တွေ့ရပါတယ်။ ချောမွေ့‌တဲ့အသားအရေ ၊ ရောင်ပြန်နေတဲ့ လိမ္မော်ရောင် နဲ့ အနက်ရောင်အစင်း ၊ ခြေလက်တွေထိပ်က အဖြူရောင်အစက် တို့နဲ့ ကြိုးနီအဆိပ်ဖားတွေရဲ့ အဆိပ်ဟာ သေးငယ်တဲ့ တိရစ္ဆာန် နဲ့ ‌အင်းဆက်တို့ကို သေစေနိုင်ပေမဲ့ လူတွေကိုတော့ ကြီးမားတဲ့သက်ရောက်မှု မရှိပါဘူး။


4. Lovely poison frog

Lovely poison frog တွေရဲ့အဆိပ်ဟာ နှလုံး နဲ့ အာ‌ရုံကြော တွေကို ထိခိုက်စေပြီး အသက်ပါဆုံးရှုံးနိုင်တာကြောင့် နာမည်နဲ့ မလိုက်အောင် ကြောက်ဖို့ကောင်းတဲ့ အဆိပ်ဖားတစ်မျိုးပဲ ဖြစ်ပါတယ်။ အမေရိကတိုက်အလယ်ပိုင်း နဲ့ Coast Rica ၊ Nicaragua နဲ့ Panama အလယ်ပိုင်းတို့မှာ တွေ့ရ‌လေ့ရှိပါတယ်။ ခန္ဓာကိုယ်အရောင်မှာ အနက်ရောင် ဖြစ်ပြီး နှာထိပ်မှ ခန္ဓာကိုယ်နောက်ပိုင်းထိ ကန့်လန့်ဖြတ်နေတဲ့ အဝါဖျော့ရောင် အစင်းကြောင်း ၂ ကြောင်း ပါရှိပါတယ်။





Some text some message..