
ပန်းရောင်နားရွက်ချေးပုစွန်
သေးငယ်တဲ့ ပုစွန်မျိုးစိတ်များထဲက တစ်မျိုးဖြစ်ပြီး အလန်းဆုံး ပုစွန်မျိုးစိတ်ပဲဖြစ်ပါတယ်။ အထီး နဲ့ အမများဟာ အရောင်အသွေး အနည်းငယ်ကွာခြားကြပြီး ခန္ဓာကိုယ်ကို အကြေးခွံများဖြင့် ဖုံးအုပ်ထားကြပါတယ်။ ပန်းရောင်နားရွက်ချေးပုစွန်အမများက ပန်းရောင် မှ ခရမ်းရောင်အထိ ရှိတတ်ပြီး အထီးများက အစိမ်းရင့်ရောင် ၊ အညိုရောင် နဲ့ နီညိုရောင် ရှိပါတယ်။

Spiny Tiger ပုစွန်
အလွန်ထူးခြားသော အသွင်အပြင် နဲ့ သေးငယ်တဲ့ ရောင်စုံပုစွန်မျိုးစိတ်လေးသည် ပျမ်းမျှ ၂ စင်တီမီတာ သာရှိတယ်လို့ ဆိုပါတယ်။ ရှည်လျားတဲ့ မျက်လုံးရိုးတံများ ပါရှိပြီး တောက်ပသော အဖြူရောင်ကိုယ်ထည်ကို တန်ဆာဆင်ထားတဲ့ လိမ္မော်ရောင်အကွက် နဲ့ အပြာရောင် အစက်အပြောက်တို့ဟာ Spiny Tiger ပုစွန်ကို ပိုပြီး ပေါ်လွင်စေပါတယ်။ အရိပ်ရဂူများ နဲ့ အမိုးအကာများအောက်မှာ ပုန်းကွယ်လေ့ရှိပြီး တွေ့ရနည်းတဲ့ ရှားပါးမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။

ဦးချိုသေတ္တာကဏန်း
အရှက်ကြီးတဲ့ ကဏန်းမျိုးစိတ်တစ်မျိုးဖြစ်ပြီး သူတို့ရဲ့ လက်တံတွေနဲ့ မျက်နှာကို ကွယ်ထားကာ ပုန်းပုန်းကွယ်ကွယ် နေတတ်ကြပါတယ်။ လိမ္မော်ရောင် မှ ပန်းရောင် သို့မဟုတ် အရောင်မျိုးစုံရှိနိုင်ပြီး စက်ဝိုင်းပုံနီးပါး ခန္ဓာကိုယ် နဲ့ အပေါ်အခွံမာသည် ၆.၅ စင်တီမီတာထိ ရှိပါတယ်။ ခရုများ နဲ့ ရေမှော်ရေညှိများကို စားသုံးကြပြီး ညဘက်မှာသာ တွေ့ရလေ့ ရှိပါတယ်။