ထူးခြားတဲ့ ဝံပုလွေသွားတွေနဲ့ ရှားပါးငါးမျိုးစိတ်
mmload.com
|
2024-04-17

မြောက်အတ္တလန္တိတ်သမုဒ္ဒရာမှာ စတင်တွေ့ရှိခဲ့တဲ့ Atlantic wolffish လို့ခေါ်တဲ့ seawolf တွေကို ၁၇၅၈ ခုနှစ်မှာ ပထမဆုံး တရားဝင်ဖော်ပြခဲ့ပါတယ်။ ဝံပုလွေငါးတွေဟာ ဝံပုလွေနဲ့တူတဲ့ ရှေ့သွား နဲ့ ‌ထူးခြားတဲ့ အသွင်အပြင် ရှိတဲ့အပြင် အလွန်အေးတဲ့ ဒေသတွေမှာ ပုံမှန် သွေးလည်ပတ်ဖို့ သူတို့ကိုယ်တွင်းက ထုတ်လုပ်တဲ့ သဘာဝအအေးဓာတ် တစ်ခုလည်း ပါရှိပါတယ်။ ဂုံးကောင် ၊ ဝင်ကစွပ် ၊ ကဏန်း ၊ ကြယ်ငါး နဲ့ ကျောရိုးမဲ့ ပင်လယ်အောက်ခြေရှိ ရေနေသတ္တဝါတွေကို အဓိက စားသုံးကြပါတယ်။ သမုဒ္ဒရာကြမ်းပြင်ပေါ်ရှိ ကျောက်ဆောင်တွေရဲ့ ကျဉ်းမြောင်းတဲ့နေရာတွေမှာ ပုန်းကွယ်နေလေ့ ရှိပါတယ်။


အကြီးဆုံး ဝံပုလွေငါးနမူနာမှာ အရှည် ၁.၅ မီတာ ( ၅ ပေ ) ရှိပြီး အလေးချိန် ၁၈ ကီလိုဂရမ် ( ပေါင် ၄၀ ) နီးပါး ရှိပါတယ်။ ရှည်လျားသော ပုံစံရှိပြီး အ‌ရှေ့ဘက်က ဆလင်ဒါပုံသဏ္ဍာန် နဲ့ အမြှီးပိုင်းမှာ ချောမွေ့ကာ နိမ့်ဆင်းသွားပါတယ်။ ဝံပုလွေငါးတွေဟာ ၃၀ဒီဂရီဖာရငိဟိုက် မှ ၅၂ဒီဂရီဖာရင်ဟိုက် အေးတဲ့ ‌ရေအနက် ပေ ၆၆ ပေ မှ ၁၆၄၀ ပေကြားမှာ နေထိုင်ကြပြီး အကြေးခွံ မရှိဘဲ ချောမွေ့‌တဲ့ အရေပြား ရှိပါတယ်။ ဒီငါးတွေဟာ ပျမ်းမျှ အသက် ၂၀ ဝန်းကျင် နေနိုင်ပြီး ပုစွန်အသား‌ကဲ့သို့ တင်းတင်းမာမာ နဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။


အပြာရောင် ၊ သံလွင်စိမ်းရောင် မှ အညိုရောင်အထိ အရောင်အဆင်းရှိပြီး သားကောင်ကို ချေဖျက်ဖို့ ဝံပုလွေသွားတွေလို ချွန်ထက်တဲ့ သွားတွေ ရှိပါတယ်။ ရာသီဥတုပြောင်းလဲမှု ၊ ကျက်စားရာဒေသတွေ ရှားပါးလာမှု ၊ ‌လူတွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ဝံပုလွေငါးအရေအတွက် သိသိသာသာ လျော့ကျလာပါတယ်။ လက်ရှိမှာတော့ ဝံပုလွေငါးတွေကို စိုးရိမ်စရာမျိုးစိတ်တစ်ခု အဖြစ် သတ်မှတ်ထားပြီး ထိန်းသိမ်းစောင့်ရှောက်ရမယ့် ကမ္ဘာပေါ်က ရှားပါး ငါးမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။




Some text some message..