Lion’s Mane Jellyfish | Total Length: 120 Feet (36.6 Meters)ပင်လယ်ပြင်မှာ အပြာရောင်ဝေလငါးကအကြီးဆုံးလို့သတ်မှတ်ထားပေမဲ့ ဒီဂျယ်လီငါးဟာ ပေ ၁၂၀ နီးပါးရှိနေတာကြောင့် အကြီးဆုံးအဖြစ်သတ်မှတ်ခံထားရပါတယ်။ ဒီဂျယ်လီငါးရဲ့လက်တံတွေဟာ ပေ ၁၂၀ အထိဆန့်နိုင်ပြီးတော့ သားကောင်ဖမ်းတာနှင့်တစ်ခြားအခြေအနေတွေမှာအသုံးပြုကြတယ်လို့သိရပါတယ်။

Blue Whale | Total Length: 108.27 Feet (33 Meters)
ပင်လယ်ပြင်ရဲ့အကြီးဆုံးရေသတ္တဝါဖြစ်တဲ့ အပြာရောင်ဝေလငါးတွေကတော့ ၁၀၈ ပေအထိရှည်လျားတဲ့ဝေလငါးမျိုးစိတ်ဖြစ်ပါတယ်။ ဝေလငါးပြာတွေဟာ အလေးချိန်အားဖြင့် ပေါင် ၄၄၁၀၀၀ ကျော်ရှိပြီးတော့ သူတို့ရဲ့နှလုံးဟာ ကားတစ်စီးနီးပါးလောက်ကြီးမားတာဖြစ်ပါတယ်။ ဝေလငါးပြာတွေဟာ မျိုးသုဥ်းဖို့စိုးရိမ်ရတဲ့အကောင်တွေဖြစ်ပြီးတော့ အခုချိန်မှာဥပဒေနှင့်တင်းတင်းကြပ်ကြပ်ကာကွယ်ထားတဲ့မျိုးစိတ်ဖြစ်ပါတယ်။

Sperm Whale | Total Length: 78.74 Feet (24 Meters)
နောက်ထပ်ဝေလငါးမျိုးစိတ်တစ်ခုဖြစ်တဲ့ Sperm Whale တွေကလည်းပဲ ပေ ၇၀ ကျော်ရှည်လျားပြီးတော့ တတိယအကြီးမားဆုံးသတ္တဝါအဖြစ်ပါဝင်နေပါတယ်။ ဒီဝေလငါးဟာ ရေအောက်မှာ အသံဒက်ဆီဘယ် ၂၃၀ လောက်အထိထုတ်လွှင့်နိုင်တဲ့မျိုးစိတ်ဖြစ်ပါတယ်။ ဒီအသံဟာကုန်းပေါ်မှာဆိုရင် ရိုင်ဖယ်သေနတ်ကိုနားဘေးကပ်ပြီးပစ်တဲ့အသံနီးပါးကျယ်လောင်တာဖြစ်ပါတယ်။