
တောင်အာဖရိက သမ္မတနိုင်ငံ ၊ KwaZulu-Natalb ပြည်နယ် က Royal Natal အမျိုးသားဥယျာဉ်ရဲ့ အမြင့်မီတာ ၂၀၀၀ မှ ၃၄၈၂ ကြားရှိတဲ့ Drakensberg တောင်ကုန်းဒေသကြားမှာ ရှိတဲ့ Tugela ရေတံခွန်ဟာ တစ်နှစ်ပတ်လုံး ရေကျနေတာမဟုတ်ဘဲ ရာသီအလိုက်ရေစီးဆင်းတဲ့ ရေတံခွန်တစ်ခုပဲ ဖြစ်ပါတယ်။ အဝေးမှ တိုင်းတာချက်တွေအရ Tugela ရေတံခွန်ဟာ ၉၈၃ မီတာ ( ၃၂၂၅ ပေ ) မြင့်တယ်လို့ ဆိုပါတယ်။ ကမ္ဘာပေါ်က အမြင့်ဆုံး ရေတံခွန်ထဲက တစ်ခုဖြစ်ပြီး Venezuela's angle ရေတံခွန်ပြီးရင် ဒုတိယအမြင့်ဆုံး ရေတံခွန်တစ်ခုပဲ ဖြစ်ပါတယ်။

တစ်ချို့ လေ့လာသူတွေကတော့ Tugela ရေတံခွန်ဟာ Angel ရေတံခွန်ထက် ပိုမြင့်ပြီး Tugela ရေတံခွန်ဟာ ကမ္ဘာ့အမြင့်ဆုံး ရေတံခွန်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ Tugela ရေတံခွန်မှာ တစ်စက်တည်း တည့်စီးဆင်းတာမျိုးမဟုတ်ဘဲ အထစ်ကလေးများနဲ့ အထပ်ထပ် ကျလာသလို ( ရေတံခွန်ငယ် )များနဲ့ ဖြစ်တာကြောင့် အတိအကျ တိုင်းမယ်ဆိုရင် Tugela ရေတံခွန်ဟာ ပိုမြင့်နိုင်ပါတယ်။ ဒါအပြင် Tugela ရေတံခွန်ဟာ အာဖရိက ရဲ့ အမြင့်ဆုံး ရေတံခွန်ပဲ ဖြစ်ပါတယ်။ Tugela မြစ်က စီးဆင်းလာတာကြောင့် Tugela ရေတံခွန်လို့ ခေါ်တာပဲ ဖြစ်ပါတယ်။

တောင်တက်ခြင်း ၊ စူးစမ်းလေ့လာခြင်း ၊ အာဖရိကရဲ့ ညရှုခင်းနဲ့ မနက် နေထွက်ချိန်ကြည့်ခြင်းတို့အတွက် အကောင်းဆုံး ရွေးချယ်မှု တစ်ခုဖြစ်တဲ့ Tugela ရေတံခွန်ပေါ်ဟာ မတ်စောက်တဲ့ ကျောက်ဆောင်တုံးကြီးတွေကြောင့် တက်ဖို့ နေ့တစ်ဝက်မှ တစ်ရက်အထိ ကြာနိုင်ပြီး ရေတံခွန်ထိပ် ကျောက်ဆောင်ပေါ်မှာ တဲထိုး အိပ်စက် နိုင်ပါတယ်။ ကမ္ဘာပေါ်က အမြင့်ဆုံး တောင်ထိပ်ပေါ်မှာ ရှိတဲ့ Tugela ရေတံခွန်ကို တက်ဖို့ဆိုတာ လွယ်ကူတဲ့ အရာတော့မဟုတ်ပါဘူး။ လက်ရှိအထိတော့ Tugela ရေတံခွန်ကြောင့် သေဆုံးသူ မရှိသေးပေမယ့် မတ်စောက်လှတာကြောင့် မတော်တဆ ပြုတ်ကျမိပါက အသက်ရှင်ဖို့ မလွယ်ပဲ အန္တာရာယ် များလှပါတယ်။ ဒါကြောင့် ကမ္ဘာ့အမြင့်ဆုံး ရေတံခွန် Tugela ရေတံခွန်ကို သွားတဲ့အခါ ဂရုတစိုက်သွားဖို့ လိုအပ်ပါတယ်။