
Turaco ငှက်ကတော့ Switzerland နိုင်ငံရဲ့ အမျိုးသားကိုယ်စားပြု ငှက်တစ်မျိုးပဲ ဖြစ်ပါတယ်။ အာဖရိကတိုက်က အလှဆုံးငှက်မျိုးစိတ်ထဲက တစ်မျိုးဖြစ်ပြီး Musophagidae မျိုးစုက ဆင်းသက်လာတဲ့ ငှက်မျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ အစိမ်းရင့်ရောင်အရောင်အဆင်းနဲ့ ဦးခေါင်းထိပ်က အစိမ်းနုရောင် သရဖူဆောင်းထားသလို ပါနေတဲ့ Turaco ငှက်တွေဟာ အနီရောင်ပတ်လည်ဝိုင်းထားတဲ့ မျက်လုံးတို့ ပါရှိကြပါတယ်။ ရှည်လျားတဲ့ အစိမ်းရင့်ရောင် အမြီး ပါရှိပြီး Turaco ငှက်တွေရဲ့ အခြားငှက်တွေနဲ့ မတူတဲ့ ထူးခြားချက်ကတော့ သူတို့ရဲ့ ခြေချောင်းကို ၃၆၀ဒီဂရီ လှည့်နိုင်တာပဲ ဖြစ်ပါတယ်။

အာဖရိက က ရှားပါးငှက်မျိုးစိတ်ထဲက တစ်မျိုးဖြစ်တဲ့ Turaco ငှက်ဟာ ကြွက်များ ၊ ငှက်ငယ်များ ၊ အသီးအရွက် ၊ ဘူးသီး နဲ့ ပန်းတို့ကို စားသုံးလေ့ရှိပြီး ငှက်ပျောသီးကို အဓိကစားကြပါတယ်။ ဒါကြောင့် ငှက်ပျောသီးစားငှက် လို့ခေါ်ပြီး သင်္ဘောသဖန်းသီးတို့ကိုလည်း စားတတ်ကြပါတယ်။ Turaco ငှက်တွေဟာ အကောင်သေးပေမယ့် သန်မာတဲ့ အတောင်ပံ နဲ့ ခြေထောက်တို့ ပါရှိပြီး အတော်မြန်တဲ့ အပြေးသမားတွေပဲ ဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် အမြီးထိ အရှည် ၄၀ မှ ၇၅ စင်တီမီတာ ( ၁၆ မှ ၃၀ လက်မ ) ကြားရှိတာကြောင့် Turaco တွေက အလယ်အလတ်တန်းစား ငှက်မျိုးစိတ်လေးပဲ ဖြစ်ပါတယ်။

အများအားဖြင့် အစိမ်းရောင်ရှိတဲ့ Turaco ငှက်တွေကို မီးခိုးရောင် ၊ အပြာရောင် ၊ ခရမ်းရောင်တို့နဲ့လည်း ဒေသအလိုက် တွေ့ရနိုင်ပါတယ်။ Turaco ငှက်တွေရဲ့ အစိမ်းရောင် အမွေးတောင်တွေဟာ Turacoverdin လို့ခေါ်တဲ့ ရောင်ခြည်ပစ္စည်းကနေ ဖြစ်လာတာပဲ ဖြစ်ပါတယ်။ ထူးခြားတဲ့ အရောင်အဆင်းတဲ့ ဘုရင်သဖွယ် ခမ်းနားလှတဲ့ သရဖူတို့ ပါရှိတဲ့ Turaco ငှက်တို့ရဲ့ အများဆုံး နေထိုင်နိုင်တဲ့ ဘဝသက်တမ်းမှာ နှစ်၃၀ ဝန်းကျင် ဖြစ်တာကြောင့် အတော်ကို အသက်ရှည်တဲ့ ငှက်မျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ယခုမှာတော့ Switzerland နိုင်ငံရဲ့ ကိုယ်စားပြုငှက်လေး Turaco ငှက်တွေဟာ ကင်မရွန်းနိုင်ငံ Bamenda ကုန်းပြင်မြင့်မှာတော့ မျိုးသုန်းပျောက်ကွယ်တော့မယ့် အန္တာရာယ်နဲ့ ရင်ဆိုင်နေရပြီး ကျန်ဒေသမှာတော့ အများအားဖြင့် တွေ့ရသေးပါတယ်။