ကမ္ဘာ့အသက်အရှည်ဆုံး ရှားပါးပင်ကွင်းမျိုးစိတ်
mmload.com
|
2024-05-08

Southern rockhopper penguin ကတော့ သိပ္ပံနာမည် Eudyptes chrysocome လို့ခေါ်ပြီး ၁၇၈၁ ခုနှစ်မှာ ဂျာမာန်သဘာဝပညာရှင် Johann Reinhold Forster မှ ပထမဆုံးအကြိမ် တရားဝင် ဖော်ပြခဲ့ပါတယ်။ Eudyptes မျိုးစိတ်က ဆင်းသက်လာတဲ့ ဒီပင်ကွင်းတွေကို ပစိဖိတ်အနောက်ဘက်ခြမ်း နဲ့ အိန္ဒိယသမုဒ္ဒရာတို့ရဲ့ ကမ်းရိုးတန်းရေပြင်ဒေသ‌တွေအပြင် တောင်အမေရိကရဲ့ တောင်ပိုင်းကမ်းရိုးတန်းတစ်ဝိုက်မှာလည်း ကျယ်ပြန့်စွာ တွေ့ရပါတယ်။ အခြားပင်ကွင်း တွေနဲ့မတူဘဲ ထူးခြားတဲ့ အဝါရောင်အစင်းကြောင်း အမောက်ကြောင့် လူသိများလာတဲ့ ပင်ကွင်းမျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။


စူးရှတဲ့ အနီရောင်တောက်တောက် မျက်လုံးကြီးတွေနဲ့ လိမ္မော်ရောင် နှုတ်သီးတို့ကြောင့် အခြားပင်ကွင်းတွေထက် ပိုပေါ်ကြပေမယ့် သူ့ရဲ့ Eudyptes မျိုးစိတ်မှာတော့ သေးငယ်ပြီး အဝါရောင်အမွေးနည်းတဲ့ ပင်ကွင်းလေးတွေပဲ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ Southern rockhopper penguin ‌တစ်ကောင်ဟာ ပျမ်းမျှအားဖြင့် ၄၅ မှ ၅၈ စင်တီမီတာ ( ၁၈ မှ ၂၃ လက်မ ) ရှိပြီး ၄ ပေါင် မှ ၈ ပေါင် ဝန်းကျင် အလေးချိန် ရှိကြပါတယ်။ ဦးခေါင်းထိပ် နှာဖူးမှ ပြန့်ကားထွက်နေတဲ့ အနက်ရောင်အမွေးရှည်တို့နဲ့ အစွန်းဖက်က ကာရံထားတဲ့ အဝါရောင် အမွေးတို့ကြောင့် မြင်ရတာဆန်းပြီး ထင်ပေါ်နေတဲ့ ပင်ကွင်းမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ 


ပျမ်းမျှဘဝသက်တမ်းမှာ ဆယ်စုနှစ် တစ်ခုဝန်းကျင်လောက် ရှင်သန်နိုင်ကြပြီး နော်ဝေးနိုင်ငံက Bergen Aquarium မှာ ပြုစုထိန်းသိမ်းခဲ့တဲ့ Southern rockhopper penguin ကတော့ ၂၉ နှစ် နဲ့ ၄ လအထိ ရှင်သန်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်က အသက်အရှည်ဆုံး ပင်ကွင်းမျိုးစိတ် လို့လည်း ဆိုနိုင်ပြီး အဓိကအားဖြင့် ပြည်ကြီးငါး ၊ ရေဘဝဲ ၊ ကင်းမွန် ၊ ငါးအမျိုးမျိုး ၊ crustacean နဲ့ plankton တို့ကို စားသုံးကြပါတယ်။ Southern rockhopper penguin တွေဟာ ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် အမဲလိုက်သူများကြား နာမည်ကြီးပြီး စီးပွားဖြစ် ဖမ်းဆီးခြင်း ၊ ရေနံယိုစိမ့်ခြင်းတို့ကြောင့် လက်ရှိမှာတော့ အကောင်ရေ အတော်ကို ကျဆင်းလာကာ မျိုးသုန်းပျောက်ကွယ်တော့မယ့် အန္တာရာယ်နဲ့ ရင်ဆိုင်နေရပြီဖြစ်တဲ့ သနားစရာ ပင်ကွင်းမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ 





Some text some message..