ကျောက်စိမ်းတုံးတွေနဲ့ ဖွဲ့စည်းထားတဲ့ တန်ဖိုးကြီး‌ ရှားပါးဒေါင်းမျိုးစိတ်
mmload.com
|
2024-05-13

Malayan peccock-pheasant သို့်မဟုတ် Malaysian peacock-pheasant လို့ခေါ်တဲ့ polyplectron malacense ဒေါင်းငှက်ကတော့ Phasianidae မျိုးစိတ်က ဆင်းသက်လာတဲ့ ဒေါင်းမျိုးစိတ် တစ်မျိုး ဖြစ်ပါတယ်။ အလယ်အလတ်ကြီးတဲ့ ဒေါင်းမျိုးစိတ် ဖြစ်ပြီး အမြီးတိုတဲ့ ရှားပါးဒေါင်းရစ်ငှက်တစ်မျိုးပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို အညိုဖျော့ဖျော့ အမွေးတောင်တို့နဲ့ ဖွဲ့စည်းထားတဲ့ ဒီဒေါင်းရစ်ငှက်တွေဟာ ထူးထူးခြားခြား အမွေးတို့ရဲ့ ကြားမှာ စိမ်းပြာရောင် ကျောက်စိမ်းတုံးများကဲ့သို့ စက်ဝိုင်းပုံ အကွက်လေးတို့ ပါရှိကြပါတယ်။ 


ခမ်းနားတဲ့ အမွေးတောင်တွေအပြင် မျက်လုံးတစ်ဝိုက်က အညိုရောင် အဝန်းဟာ မျက်လုံးကို ပိုတောက်ပစေပြီး ခြေတံတို့မှာ အညိုရင့်ရောင် ရှိကြပါတယ်။ အရွယ်ရောက်ပြီးတဲ့ Malayan peccock-pheasant အထီးတစ်ကောင်ရဲ့ ပျမ်းမျှ ခန္ဓာကိုယ်အရွယ်အစားမှာ ၅၀ စင်တီမီတာ ရှိပြီး အမတွေကတော့ ၄၀ စင်တီမီတာသာ ရှိကြပါတယ်။ Malayan peccock-pheasant တစ်ကောင်ရဲ့ ခန္ဓာကိုယ်တစ်ဝက်လောက်ဟာ သူတို့ရဲ့ အမြီးဖြစ်ပြီး အမတွေထက် အထီးတွေက အရွယ်အစား ပိုကြီးကာ အမြီးပိုရှည်ကြပါတယ်။ အာရှနိုင်ငံတွေမှာ တွေ့ရလေ့ ရှိတဲ့ ဒေါင်းမျိုးစိတ်တစ်မျိုး ဖြစ်ပြီး ဝေးဝေးမသွားနိုင်တာကြောင့် သူတို့ရဲ့ စားကျက်နေရာမှာပဲ အေးဆေးအမြဲတစေ နေ‌တဲ့ တိရစ္တာန်မျိုးစိတ်လေးပဲ ဖြစ်ပါတယ်။


မီတာ ၃၀၀ အောက် နိမ့်တဲ့ တောင်များ ၊ မိုးသစ်တော‌များမှာ အဓိက နေထိုင်လေ့ရှိပြီး ရေညှိ ၊ ပုရွက်ဆိတ် ၊ တွားသွားကျောရိုးမဲ့သတ္တဝါငယ် ၊ အစေ့အဆန် ၊ အသီးအနှံ တို့ကို စားသုံးကြပါတယ်။ ထူးခြားတဲ့ ခန္ဓာကိုယ် ဖွဲစည်းပုံကြောင့် Malayan peccock-pheasant တွေဟာ လူတို့ရဲ့ ပစ်မှတ် ဖြစ်ခဲ့ရပါတယ်။ ဒါအပြင် သစ်တောပြုန်းတီးမှု ၊ နေထိုင်ရာ စားကျက်မြေများ ဆုံးရှုံးမှုတို့ကြောင့်လည်း Malayan peccock-pheasant အကောင်ရေများစွာ ဆုံးရှုံးခဲ့ရပြီး ၂၀၀၈ ခုနှစ်က စစ်တမ်းကေက်ချက်တွေအရ ခန့်မှန်းချေ အကောင်ရေ ၈၀၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အကောင်ရေ ရာကျော်သာ ရှိတော့ပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့ အပြင်းအထန်လိုအပ်နေတဲ့ တန်ဖိုးကြီး ရှားပါး ဒေါင်းရစ်ငှက် မျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ 





Some text some message..