မျောက်တွေရဲ့ ရန်သူဖြစ်တဲ့ အမေရိက က လင်းယုန်မျိုးစိတ်
mmload.com
|
2024-06-02

Harpy Eagle တွေကတော့ ကမ္ဘာပေါ်က အကြီးဆုံး လင်းယုန်ငှက်မျိုးစိတ်တွေထဲက တစ်မျိုးဖြစ်ပြီး အခြားလင်းယုန်တွေနဲ့ မတူတဲ့ ထူးထူးခြားခြား ခန္ဓာကိုယ် ဖွဲ့စည်းမှုကြောင့် လူသိများကြပါတယ်။ အမေရိကန်လင်းယုန်လို့လည်း ခေါ်ကြပြီး ဘရာဇီးမှာ အများဆုံး တွေ့ရလေ့ ရှိပါတယ်။ Harpy Eagle တွေကို ဘရာဇီး ၊ မက္ကဆီကိုတောင်ပိုင်း ၊ ဗဟိုအမေရိက ၊ တောင်အမေရိက မှ အာဂျင်တီးနားအထိ မိုးသစ်တောတွေမှာ ကျယ်ပြန့်စွာ တွေ့ရှိနိုင်ပါတယ်။ သိပ္ပံနာမည်မှာ Harpia harpyja လို့ခေါ်တဲ့ ဒီလင်းယုန်ငှက်‌တွေဟာ တောက်ပပြီး အထက်တန်းဆန်တဲ့ အသွင်အပြင်ကြောင့် လူသိများတဲ့ လင်းယုန်တစ်မျိုးပဲ ဖြစ်ပါတယ်။ 


အရွယ်ရောက်ပြီးတဲ့ Harpy Eagle အထီးတစ်ကောင်ရဲ့ ပျမ်းမျှ ခန္ဓာကိုယ်အလေးချိန်မှာ ၄ မှ ၅ ကီလိုဂရမ်ရှိပြီး အမတွေကတော့ ၆ မှ ၉ ကီလိုဂရမ် အလေးချိန်ရှိကြပါတယ်။ အထီးထက် အမတွေက အကောင်အရွယ်အစား ပိုကြီးပြီး အရွယ်ရောက်ပြီးတဲ့ Harpy Eagle ‌တစ်ကောင်ဟာ အများဆုံး ၁ မီတာ ( ၃ ပေ ) အထိ မြင့်ပါတယ်။ ‌ကလေးတစ်ယောက်အရွယ်အစားလောက် ရှိတာကြောင့် အတော်ကို ကြီးမှာပါပဲ။ ခန္ဓာကိုယ် ကျောဘက်ပိုင်းကို အနက်ရောင် သို့မဟုတ် မီးခိုးရောင် အမွေးရှည်တို့နဲ့ ဖုံးအုပ်ထားပြီး ရင်ဘတ်ပိုင်းမှာ အဖြူရောင် အမွေးရှည်တို့နဲ့ ပုံဖော်ထားပါတယ်။ Harpy Eagle တွေရဲ့ နောက်ထပ် ထူးခြားချက်တစ်ခုကတော့ သူတို့ရဲ့ ဦးခေါင်းတွေဟာ ဇီးကွက်ပုံ အဝန်းလိုက်လေး ရှိပြီး ‌ဦးခေါင်းထိပ်မှာ သရဖူဆောင်းထားသလို အမွေးရှည်တို့ ပါရှိပါတယ်။ 


ဒါအပြင် အခြားသော လင်းယုန်ငှက်တွေထက် ကြီးမားချွန်ထက်တဲ့ ခြေသည်းရှည်တို့ကို ပိုင်ဆိုင်ထားတဲ့ Harpy Eagle တွေဟာသူ့ရဲ့ ခန္ဓာကိုယ်အလေးချိန်ထက် တစ်ဝက်လေးတဲ့ သားကောင်တွေကို အေးဆေး အမဲလိုက် စားသုံးနိုင်ကြပါတယ်။ မျောက်တွေဟာ Harpy Eagle တွေရဲ့ အဓိက သားကောင် ဖြစ်ပြီး ဒီလင်းယုန်တွေဟာ အမဲလိုက်တဲ့နေရာမှာလည်း ဆရာတစ်ဆူပဲ ဖြစ်ပါတယ်။ ကြီးမားတဲ့ ခန္ဓာကိုယ်နဲ့ ‌စူးရှတဲ့ အကြည့်တို့ကို ပိုင်ဆိုင်ထားတဲ့ Harpy လင်းယုန်တွေဟာ သူ့ကို အန္တာရာယ်မပြုရင် အန္တာရာယ်ပြုလေ့ မရှိပေမယ့် လူတို့ရဲ့ သဘာဝအရ မြင်တာနဲ့ကို ကြောက်လန့်ကာ ပစ်ခတ် တိုက်ခိုက်ခြင်းကို ခံရပါတယ်။ လက်ရှိမှာတော့ လူနေမှု ဖွဲ့ဖြိုးတိုးတက်မှု ၊ သစ်တောပြုန်းတီးမှု နဲ့ လူတို့ရဲ့ စည်းကမ်းမဲ့ ဖမ်း‌‌ဆီးမှုတွေကြောင့် အကောင်အရေအတွက်များစွာ လျော့နည်းလဲ့ပြီး မျိုးသုန်းပျောက်ကွယ်မယ့် အန္တာရာယ်နဲ့ ရင်ဆိုင်နေရတဲ့ သနားစရာ လင်းယုန်မျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ 





Some text some message..