အမွေးသွားတွေနဲ့ တတိယအကြီးဆုံးဝေလငါး
mmload.com
|
2024-06-03

Sei whale ဝေလငါးဟာ ချွန်ထက်တဲ့ သွားချွန်တွေ ပါရှိတဲ့ Baleen ဝေလငါးမျိုးစိတ် ၁၆ မျိုးထဲက တစ်မျိုးဖြစ်ပြီး သိပ္ပံနာမည်ကတော့ Balaenoptera borealis လို့ ခေါ်ပါတယ်။ ထူးခြားတဲ့ အမွေးပုံသဏ္ဍာန် သွားချွန်တုံးတုံးတွေကြောင့် လူသိများခဲ့တဲ့ Sei whale ကို ၁၈၁၉ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ဆွီဒင်ဖွား ဂျာမာန်သဘာဝပညာရှင် Karl Rudolphi က Balaenoptera acutorostrata အနီးရှိ Gromitz ကမ်းစပ်မှာ စတင်တွေ့ရှိခဲ့ပါတယ်။ ဒါအပြင် Sei ဝေလငါးတွေဟာ blue whale နဲ့ Fin whale ပြီးရင် ကမ္ဘာပေါ်က တတိယအကြီးဆုံး ဝေလငါးတစ်မျိုးပဲ ဖြစ်ပါတယ်။ 


Sei whale ရဲ့ကိုယ်ထည်မှာ နက်မှောင်တဲ့ စတီးလ်မီးခိုးရောင် ရှိပြီး ရင်ဘတ်ပိုင်းမှာ မီးခိုးရောင် နဲ့ အဖြူရောင် အစင်းကြောင်းများဖြင့် ပုံဖော်ထားပါတယ်။ Cetacea ငါးမျိုးစိတ်အားလုံးထဲမှာ ရေကူးအမြန်ဆုံးဖြစ်တဲ့ Sei ဝေလငါးတွေဟာ တစ်နာရီကို ၅၀ ကီလိုမီတာ အမြန်နှုန်းအထိ သွားနိုင်ကြပါတယ်။ သမုဒ္ဒရာ နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ကျယ်ပြန့်စွာ တွေ့ရပြီး အမတွေက အထီးတွေထက် အကောင်အရွယ်အစား ပိုကြီးလေ့ ရှိပါတယ်။ အရွယ်ရောက်ပြီးတဲ့ Sei whale တစ်ကောင်ရဲ့ အမြင့်ဆုံး စုစုပေါင်း ခန္ဓာကိုယ်အရှည်မှာ ၁၉.၅ မီတာ ( ၆၄ ပေ ) အထိရှိပြီး အလေးချိန်မှာ ၂၈ တန်အထိ ရှိတာကြောင့် လူထက် ဆယ်ဆလောက် ကြီးတဲ့ ငါးမျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ Sei whale တို့ရဲ့ လူမှုဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး အတိအကျ မသိရှိ‌ရသေးပေမယ့် ပျမ်းမျှအားဖြင့် တစ်ကောင်တည်း သို့မဟုတ် ခြောက်ကောင် တစ်စုအဖြစ် နေထိုင်သွားလာ ကျက်စားလေ့ ရှိပါတယ်။ 


တစ်နေ့ကို ပျမ်းမျှ အစာပမာဏ ၉၀၀ ကီလိုဂရမ် ( ပေါင် ၂၀၀၀ ) စားတဲ့ Sei ဝေလငါးတွေဟာ ငါး ၊ ပုစွန် ၊ ရေဘဝဲ ၊ ကင်းမွန်တို့ကို အဓိက စားသုံးကြပါတယ်။ ကြီးမားတဲ့ အရွယ်အစား‌နဲ့ ဒီ ဝေလငါးတွေဟာ လူတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ရပြီး ၁၈၈၅ မှ ၁၉၈၄ ကြားမှာတင် မြောက်အတ္တလန်တိတ်ဒေသအတွင်း အကောင် ၁၄၂၉၅ ကောင် ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။ လက်ရှိမှာတော့ လူတို့ရဲ့ စည်းကမ်းမဲ့ ဖမ်းဆီးခြင်း ၊ ကျက်စားရာ နေရာဒေသများ ဆုံးရှုံးခြင်း ၊ ရေထုညစ်ညမ်းခြင်းတို့ကြောင့် Sei whale အကောင်ရေ များစွာ လျော့နည်းခဲ့ပြီး မျိုးသုန်းပျောက်ကွယ်မယ့် အန္တာရာယ်နဲ့ ရင်ဆိုင်နေရတဲ့ သနားစရာ ဝေလငါးမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ 





Some text some message..