အဆိပ်အပြင်းဆုံးအဖြစ်သတ်မှတ်ထားကြတဲ့ Manchineel အပင်
mmload.com
|
2024-06-03

အပင်တွေဟာများသောအားဖြင့် စားမိတာမျိုးဖြစ်မှသာအဆိပ်အစွမ်းပြတတ်ကြတာဖြစ်ပါတယ်။ ဒါပေမဲ့အမေရိက ဖလော်ရီဒါမြို့မှာပေါပေါများများတွေ့ရတဲ့ဒီအပင်တွေကတော့ ထိမိရုံ အရိပ်ခိုမိရုံနှင့်တင်လူကိုအန္တာရာယ်ပေးနိုင်တဲ့အပင်တွေဖြစ်ပါတယ်။


Manchineel ပင်ရဲ့အသီးဟာ ပန်းသီးစိမ်းနှင့်ပုံစံတူညီနေပေမဲ့ အရသာနှင့်ပါဝင်တဲ့အဆိပ်ပမာဏကတော့ လူတစ်ယောက်ကိုတောင်မှ ချက်ချင်းသေဆုံးသွားစေနိုင်တာဖြစ်ပါတယ်။ ဒီအသီးကိုစားမိတာကြောင့်သေဆုံးသွားခဲ့ရတဲ့ခရီးသွားတွေအများကြီးရှိခဲ့ဖူးပါတယ်။ သဲသောင်ပြင်တွေမှာပေါပေါများများပေါက်တတ်တဲ့ဒီအပင်ဟာ အဆိပ်ပြင်းတာကြောင့် ၂၀၁၁ ကနေစပြီးကမ္ဘာ့အန္တာရာယ်အရှိဆုံးအပင်အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။အပင်ဟာပေလေးဆယ်လောက်အထိမြင့်တက်ကြီးထွားနိုင်ပြီးတော့ အစိမ်းရောင်အရွက်တွေနှင့်သာမာန်လိုပဲဖြစ်ပါတယ်။ 


ဒါပေမဲ့အပင်ရဲ့ပင်စည်အခေါက်တွေမှာတောင်မှ လူရဲ့အရေပြားကိုလောင်ကျွမ်းယားယံစေတဲ့ဓာတ်တွေပါဝင်တာကြောင့် မတော်တဆထိမိရင်တောင် အတော်လေးပြင်းထန်တဲ့ဒဏ်ရာကိုဖြစ်စေနိုင်ပါတယ်။ အသီးတွေဟာ  ထူးခြားတဲ့မွှေးရနံ့ရှိပြီးတော့ စားလိုက်တာနှင့်အဆိပ်အစွမ်းကြောင့် အသက်ဆုံးရှုံးသွားတဲ့အထိဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အပင်ပင်စည်တွေမှာ သတိပေးဆိုင်းဘုတ်တွေတပ်ထားပြီး အပင်ကိုမထိဖို့နှင့် အသီးတွေကိုမစားဖို့သတိပေးထားရပါတယ်။ 




Some text some message..