မြန်မာနိုင်ငံရဲ့နာမည်ကြီးရှေးဟောင်းမြို့တစ်မြို့
mmload.com
|
2024-06-10

ဟန်လင်းမြို့ဟာပျူခေတ်တုန်းကတည်ထောင်ထားတဲ့ရှေးဟောင်းမြို့ပြနိုင်ငံတွေထဲက မြို့တစ်မြို့ဖြစ်ပါတယ်။ ဒီပျုမြို့ဟောင်းတွေဟာ ၁ ရာစုလောက်ကတည်းကတည်ထောင်ထားတာဖြစ်ပြီးတော့ ရှေးဦးလူသားတွေတည်ထောင်ထားတဲ့မြို့ပြနိုင်ငံလေးတွေဖြစ်ပါတယ်။ ဟန်လင်းကတော့ သုံးရာစုကနေ ကိုးရာစုအတွင်းတည်ရှိခဲ့တဲ့မြို့ဖြစ်တယ်ဆိုတဲ့အထောက်အထားတွေကိုတွေ့ခဲ့ရပါတယ်။


ဟန်လင်းမြို့ဟာအထက်မြန်မာပြည် ရွှေဘိုမြို့ရဲ့အရှေ့တောင်ဖက်မှာတည်ရှိပြီးတော့ သရေခေတ္တာရာမြို့မတိုင်ခင် အကြီးမားဆုံးနှင့်အရေးပါဆုံးမြို့ဖြစ်ခဲ့တယ်လို့ သမိုင်းပညာရှင်တွေကကောက်ချက်ချထားကြပါတယ်။ ဟန်လင်းမြို့ဟောင်းရဲ့အကြွင်းအကျန်တွေကိုရှာဖွေတွေ့ရှိခဲ့ကြသလို ကျောက်စာနှင့်လူတွေအသုံးပြုခဲ့ပုံရတဲ့အိုးခွက်ပန်းကန်အပိုင်းအစတွေကိုလည်းရှာဖွေတွေ့ရှိခဲ့ကြပါတယ်။


ဟန်လင်းမြို့အာဏာရှိစဥ်မှာ ပျူလူမျိုးတွေဟာ ထုံတမ်းဓလေ့တွေ အစဥ်အလာနှင့်ယဥ်ကျေးမှုတွေကိုတဖြေးဖြေးဖန်တီးလာပြီးတော့ ဒီအရာတွေဟာပုဂံခေတ်မှာမြန်မာလူမျိုးတွေရဲ့ယဥ်ကျေးမှုဖြစ်လာတယ်လို့သမိုင်းပညာရှင်တွေကဆိုထားပါတယ်။ လက်ရှိမှာတော့ ဟန်လင်းမြို့ကိုကမ္ဘာ့သမိုင်းအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ဖြစ်တဲ့ ယူနက်စကိုကနေစာရင်းဝင်သတ်မှတ်ထားပြီးတော့ ထိန်းသိမ်းထားတာဖြစ်ပါတယ်။




Some text some message..