မြန်မာ့ရိုးရာအမွေအနှစ်တစ်ခုဖြစ်တဲ့ လက်ဖက်အကြောင်းတစ်စေ့တစ်စောင်း
mmload.com
|
2024-06-13

လက်ဖက်ဟာ အရွက်ကိုအခြောက်ခံပြီးသောက်ကြတာ ဒါမှမဟုတ် အစိုကိုနှပ်ပြီးသုပ်စားတာမျိုးလုပ်ကြတဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ လက်ဖက်ကိုတရုတ်နိုင်ငံကနေစတင်ခဲ့ပြီးနောက်ပိုင်းမှာ မြန်မာ လာအို ဂျပန်အစရှိတဲ့နိုင်ငံတွေကိုပြန့်သွားခဲ့တယ်လို့လေ့လာမှုတွေကဆိုပါတယ်။ ဒါပေမဲ့ မြန်မာ့လက်ဖက်သမိုင်းကလည်းအစဥ်အလာကြီးမားခဲ့ပြီးတော့ တည်ရှိလာတာနှစ်ပေါင်းအများကြီးကြာခဲ့ပြီဖြစ်ပါတယ်။


သမိုင်းမှတ်တမ်းနှင့်စာပေတွေအရ လက်ဖက်ဟာမြန်မာနိုင်ငံကို အေဒီ ၁၁ ရာစုလောက်ကတည်းကရောက်နေတာဖြစ်တယ်လို့သိရပါတယ်။ ရှေးစာဆိုတော်ဦးပုညရဲ့လက်ဖက်မေတ္တာစာမှာလည်း သရေခေတ္တရာခေတ်မှာလက်ဖက်ကိုဘုရင့်အစားအစာတစ်ခုအနေနှင့်သတ်မှတ်ထားတာကိုဖော်ပြခဲ့ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှတ်တမ်းမှတ်ရာတွေအရလည်း ၁၁ ရာစုဝန်းကျင်တုန်းကမြန်မာဘုရင်ကိုလက်ဖက်တွေဆက်သခဲ့ကြောင်းဖော်ပြထားတာမျိုးရှိတယ်လို့သိရပါတယ်။


ဒီအချက်အလက်တွေအရဆို မြန်မာ့လက်ဖက်ဟာလွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်လောက်ကတည်းကတည်ရှိနေတာဖြစ်ပါတယ်။ လက်ရှိအချိန်မြန်မာနိုင်ငံမှာရှိနေတဲ့သက်တမ်းအရင့်ဆုံးလက်ဖက်ပင်တွေဟာ နှစ်တစ်ထောင်ဝန်းကျင်သက်တမ်းရှိပြီး ဝပြည်နယ်မှာရှိနေတာဖြစ်တယ်လို့သိရပါတယ်။ သမိုင်းမှတ်တမ်းတွေအရ မြန်မာ့လက်ဖက်ဟာ တရုတ်နိုင်ငံပြီးရင် မြန်မာမှာအရင်ဆုံးပေါ်ထွန်းလာတာဖြစ်ပေမဲ့ လက်ရှိတရားဝင်မှတ်တမ်းတွေအရတော့ ဂျပန်နိုင်ငံကပဲ လက်ဖက်ကိုဒုတိယမြောက်လက်ဖက်ထုတ်လုပ်တဲ့နိုင်ငံအဖြစ်မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ 




Some text some message..