ပင်လယ်လိပ်လေးတွေရဲ့ လူသိပ်မသိသေးတဲ့အကြောင်းအရာများ
mmload.com
|
2024-06-15

ပင်လယ်လိပ်တွေဟာ ကုန်းလိပ်တွေလိုမဟုတ်ဘဲ သူတို့ရဲ့နှုတ်ခမ်းနှင့်အစာကိုဖမ်းယူစားသောက်ကြတဲ့အကောင်လေးတွေဖြစ်ပါတယ်။ နှုတ်ခမ်းဟာ ငှက်တွေရဲ့နှုတ်သီးလိုမျိုးလုပ်ဆောင်ချက်တွေကိုလုပ်ဆောင်ပေးပြီးတော့ အစာကိုဖမ်းယူပေးတာဖြစ်ပါတယ်။ သူတို့ရဲ့လိပ်ခွံတွေကိုအရိုးပျော့ ၅၀ လောက်နှင့်ဖွဲ့စည်းထားပြီးတော့ ရေထဲမှာရှင်သန်ဖို့အတွက် ဒီလိပ်ခွံကကူညီပေးပါတယ်။ 


ဒါ့အပြင်ပင်လယ်လိပ်တွေရဲ့ငယ်ဘဝနေ့ရက်တွေဟာ လူသားတွေအခုချိန်ထိသေချာမသိနိုင်သေးတဲ့အကြောင်းအရာဖြစ်နေဆဲဖြစ်ပါတယ်။ အကောင်ပေါက်ပြီးနောက် အရွယ်ရောက်လာတဲ့အချိန်ထိ ဘယ်နေရာမှာကျက်စားနေထိုင်တယ်ဆိုတာကို တိတိကျကျပြောပြနိုင်တဲ့လေ့လာမှုတွေမလုပ်ရသေးပါဘူး။ ပင်လယ်လိပ်တွေအတွက်အရွယ်ရောက်ခြင်းဟာ ပတ်ဝန်းကျင်အခြေအနေ သဘာဝနှင့်ဖမ်းဆီးခံရမှုတွေကြောင့် ခက်ခဲတဲ့လုပ်ငန်းစဥ်တစ်ခုဖြစ်နေဆဲဖြစ်ပါတယ်။ အကောင်ပေါက် ၁၀၀၀ မှာ အရွယ်ရောက်နိုင်တဲ့လိပ်အကောင်ရေဟာ တစ်ကောင်လောက်ပဲရှိတာဖြစ်ပါတယ်။


ပင်လယ်လိပ်တွေဟာ အရွယ်အစားအရလည်းအတော်လေးကြီးမားကြပါတယ်။ မှတ်တမ်းတွေအရအကြီးမားဆုံးပင်လယ်လိပ်ဟာဆိုရင် နှစ်မီတာကျော်ရှည်လျားပြီးတော့ ၉၀၀ ကီလိုဂရမ်အလေးချိန်ရှိပါတယ်။ ပင်လယ်လိပ်တွေဟာ တစ်ခါတစ်လေမှာလူသားတွေကြို့ထိုးတဲ့အသံနှင့်တူညီတဲ့ထူးဆန်းတဲ့အသံတွေကိုလုပ်နိုင်ကြပါတယ်။




Some text some message..