Pen Shell လို့ခေါ်တဲ့ယပ်တောင်ဂုံးလေးတွေရဲ့အကြောင်း
mmload.com
|
2024-06-26

ယပ်တောင်ပုံစံရှိပြီးတော့ ထူးခြားတဲ့အသွင်အပြင်ရှိတဲ့ဒီဂုံးမျိုးစိတ်ဟာ ဒီပင်လယ်ရေအောက်ရဲ့ထူးခြားတဲ့သတ္တဝါတစ်မျိုးဖြစ်ပါတယ်။ သူတို့ဟာ ရေအောက်ကမ္ဘာမှာနှစ်ပေါင်းများစွာရှင်သန်လာတဲ့အကောင်တွေဖြစ်ပြီးတော့ နှစ်ပေါင်းမီလီယံချီသက်တမ်းရှိနေတဲ့မျိုးစိတ်ဖြစ်ပါတယ်။ သူတို့ဟာရေအတွင်းက အကောင်ငယ်လေးတွေနှင့် ပင်လယ်ရေညှိတွေကိုစစ်ထုတ်ပြီးတော့ စားသုံးကြပါတယ်။ 


ဒီလိုစစ်ထုတ်ခြင်းအားဖြင့် ရေအောက်ကမ္ဘာရဲ့သန့်ရှင်းစင်ကြယ်မှုနှင့် Ecosystem ကိုထိန်းသိမ်းပေးကြပါတယ်။ ယပ်တောင်ပုံဖြစ်နေတဲ့သူတို့ဟာ အရွယ်အစားအားဖြင့် လေးပေလောက်အထိကြီးမားနိုင်ကြတာကြောင့်အဏ္ဏဝါပညာရှင်တွေမကြာခဏတွေ့ရလေ့ရှိတဲ့ သက်ရှိဖြစ်ပါတယ်။ သူတို့ဟာ ရေအောက်ကရေညှိတွေနှင့်အပြန်အလှန်အကျိုးပြုပြီးတော့ ရေအောက်ကြမ်းပြင်ရဲ့ Ecosystem ကိုသေချာထိန်းညှိပေးကြပါတယ်။


သူတို့ရဲ့အခွံတွေဟာအရောင်စုံပြီးလှပတာကြောင့် အရင်ခေတ်တွေကတည်းကလက်ဝတ်ရတနာအဖြစ်သတ်မှတ်ထားကြပါတယ်။ ဒီအကြောင်းအရင်းကြောင့်ပဲ ယပ်တောင်ဂုံးတွေဟာရှားပါးလာပြီးတော့ ပင်လယ်ရေအောက်ကိုစစ်ထုတ်ပေးမယ့်အကောင်တွေရှားလာပါတယ်။ အမှန်တော့ ယပ်တောင်ဂုံးတွေဟာ သဘာဝထဲမှာဆိုရင် နှစ်ပေါင်း ၃၀ လောက်အထိအသက်ရှင်သန်နိုင်ကြတဲ့သတ္တဝါတွေဖြစ်ပါတယ်။




Some text some message..