
မြေခွေးအနီတွေဟာ သဘာဝထဲမှာအကောင်ရေအနည်းငယ်ပဲကျန်ရှိနေပြီဖြစ်တဲ့ ရှားပါးတိရစ္ဆာန်တစ်မျိုးဖြစ်ပါတယ်။ သူတို့ဟာ သာမာန်မြေခွေးတွေနှင့်မျိုးနွယ်တူဖြစ်ပြီးတော့ အနီရောင်ပုံစံရှိတဲ့အမွှေးတွေရှိပါတယ်။ အနီရောင်ဆိုပေမဲ့ နီညိုရောင်ပိုပေါ်တဲ့အမွှေးတွေရှိတဲ့ ဒီမြေခွေးတွေဟာ သာမာန်မြေခွေးတွေထက် ပိုပြီးအရွယ်အစားသေးငယ်ပါတယ်။

သူတို့ဟာ ဉာဏ်ကောင်းပြီးတော့ တစ်ရက်ကိုမိုင်၂၀ လောက်ခရီးသွားနိုင်ကြပါတယ်။ တစ်ခြားမြေခွေးတွေလိုရဲရင့်တာမျိုးမရှိဘဲ မြေခွေးနီတွေဟာအတော်လေးရှက်ကြောက်တတ်ပြီး ကြောက်လန့်တတ်တဲ့အကျင့်ရှိပါတယ်။ သူတို့ဟာ တောတွင်းကအကောင်ကြီးတော်တော်များများရဲ့အစာဖြစ်နေတာကြောင့်အခုလိုမျိုးကြောက်ရွှံ့တတ်တဲ့အကျင့်ရှိပုံပေါ်ပါတယ်။ သူတို့အတွက်မိတ်လိုက်ခြင်းဟာ တစ်သက်လုံးအတွက်ဖြစ်ပြီးအဖော်ပြောင်းတာမျိုးမလုပ်တတ်ကြပါဘူး။

အမေရိကတိုက်ရဲ့အရှေ့တောင်ဖက်အပိုင်းမှာနေထိုင်ကြတဲ့ မြေခွေးနီတွေဟာ ၁၉၇၃ ကတည်းကမျိုးသုဥ်းဖို့အန္တာရာယ်ကြုံနေရတဲ့အကောင်တွေလည်းဖြစ်ပါတယ်။ သူတို့ဟာ နယ်မြေရှားပါးလာမှု အမဲလိုက်ခံရမှုတွေကြောင့် အကောင်ရေရှားပါးလာပြီးတော့ ထိန်းသိမ်းနေတဲ့ကြားကပဲ မျိုးသုဥ်းပျောက်ကွယ်ခါနီးစာရင်းဝင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သဘာဝထဲမှာ မြေခွေးနီအကောင်ရေဟာ ရာဂဏန်းပဲရှိတော့တယ်လို့သိရပါတယ်။