လိပ်ပြာပင်လို့နာမည်ကြီးတဲ့ Oxalis
mmload.com
|
2024-07-09

မြန်မာနိုင်ငံကအပင်ချစ်သူတွေကြားမှာ လိပ်ပြာပင်လို့နာမည်ကြီးတဲ့ဒီခရမ်းရောင်အပင်လေးတွေဟာ အမှန်တော့ Oxalis အပင်တွေဖြစ်ပါတယ်။ ဒီအပင်တွေဟာ မျိုးစိတ်ပေါင်း ကိုးရာကျော်ရှိပြီးတော့ မတူညီတဲ့အရောင်အသွေးနှင့်ပုံစံမျိုးစုံရှိကြပါတယ်။ သူတို့ဟာ Lucky leaf လို့နာမည်ကြီးတဲ့ Shamrock အပင်တွေနှင့်ဆင်တူတာကြောင့် Fake Shamrock လို့လည်းလူသိများပါတယ်။


ဒီအပင်တွေဟာ ကမ္ဘာအနှံ့မှာရှင်သန်နိုင်ကြပြီးတော့ နေရာဒေသအလိုက်မတူညီတဲ့ပုံပန်းသွင်ပြင်တွေဖြစ်သွားပါတယ်။ ဒီအပင်တွေဟာ ညအချိန် ဒါမှမဟုတ် အလင်းရောင်နည်းပါးတဲ့နေရာတွေမှာရှိနေတဲ့အချိန် အရွက်တွေကိုခွေခေါက်ထားနိုင်စွမ်းရှိကြပါတယ်။ ဒီလိုလုပ်ခြင်းဟာ အပင်ရဲ့ရေဓာတ်နှင့် အစိုဓာတ်ကိုထိန်းသိမ်းထားဖို့ဖြစ်ပါတယ်။ ဒီ Oxalis ပင်တွေဟာ အဖြူ အပန်း ခရမ်း အဝါအစရှိတဲ့အရောင်စုံတဲ့အပွင့်တွေပွင့်တတ်ကြပါတယ်။ 


Oxalis အပင်အကုန်လုံးဟာ စားလို့မရပေမဲ့ တစ်ချို့အပင်တွေကတော့ အသုပ်တွေမှာအလှဆင်တဲ့ပန်းပွင့်တွေအဖြစ်အသုံးပြုကြပါတယ်။ ဒီအပင်တွေဟာ အပွားမြန်တာကြောင့် တစ်ချို့နေရာတွေမှာကျုးကျော်အပင်တွေဖြစ်နေပြီးတော့ တစ်ချို့နေရာတွေမှာတော့ အိမ်တွင်းအလှဆင်အပင်တွေအဖြစ် တကူးတကထိန်းသိမ်းပြီးစိုက်ပျိုးတတ်ကြပါတယ်။ ဒါ့အပြင် တစ်ချို့မျိုးစိတ်တွေဟာ တိရိစ္ဆာန်လေးတွေအတွက် အဆိပ်ရှိတတ်ပါတယ်။




Some text some message..