
Hairy Frog တွေဟာ တစ်ခြားဖားတွေနှင့်မတူညီဘဲ အမွှေးတွေရှိတာကြောင့်နာမည်ကြီးပါတယ်။ အမှန်တော့ ဒီအမွှေးတွေဟာ တစ်ကယ့်အမွှေးတွေမဟုတ်ဘဲ အရေပြားအစွန်းနားက အကာအကွယ်လိုမျိုးအရာတွေဖြစ်ပါတယ်။ ဒီအရာတွေက သူတို့ကိုပတ်ဝန်းကျင်မှာကိုယ်ယောင်ဖျောက်ဖို့ကူညီပေးပြီးတော့ ရန်သူတွေဆီကနေပုန်းရှောင်တဲ့နေရာမှာလည်းကူညီပေးပါတယ်။

အမှန်တော့ ဒီအမွှေးဖားတွေဟာ ထူးခြားတဲ့ကာကွယ်ရေးနည်းစနစ်တစ်ခုရှိတာကြောင့်လည်းနာမည်ကြီးပါတယ်။ သူတို့ဟာရန်သူနှင့်တွေ့ပြီဆိုရင် ခန္ဓာကိုယ်အတွင်းကအရိုးတွေကိုချိုးလိုက်ပြီးတော့ အရေပြားအပြင်ကို အဆူးတစ်ခုလိုမျိုးထိုးထွက်စေပြီးရန်သူကိုတိုက်ခိုက်နိုင်ကြပါတယ်။ ဒီလိုတိုက်ခိုက်မှုမျိုးဟာ တစ်ခြားအကောင်တွေမှာမတွေ့ဖူးသေးတဲ့ပုံစံမျိုးဖြစ်ပါတယ်။

အာဖရိကအလယ်ပိုင်းတောအုပ်တွေရဲ့ စမ်းချောင်းနှင့်မြစ်အနီးအနားတွေမှာနေထိုင်တဲ့ ဒီဖားတွေဟာ ညအချိန်မှာပဲအစာရှာကြတဲ့မျိုးစိတ်ဖြစ်ပါတယ်။ အင်းဆက်တွေနှင့် တစ်ခြားနို့တိုက်သတ္တဝါအကောင်သေးလေးတွေကိုဖမ်းယူစားသုံးကြပါတယ်။ မိတ်လိုက်ချိန်မှာတော့ အမွှေးတွေဟာပိုရှည်လျားလာလေ့ရှိပြီးတော့ မိတ်လိုက်တဲ့နေရာမှာအထောက်အကူဖြစ်စေပါတယ်။ အမတွေကဥဥပြီးတော့ အထီးတွေကအပြင်ဖက်ကနေမျိုးအောင်အောင်လုပ်ပေးရတာဖြစ်ပါတယ်။