သေနတ်ပစ်ခံရသလိုမျိုးနာကျင်အောင်လုပ်နိုင်တဲ့ ပုရွတ်ဆိတ်
mmload.com
|
2024-07-13

Bullet Ant လို့ခေါ်တဲ့ ဒီပုရွတ်ဆိတ်မျိုးစိတ်တစ်မျိုးဟာ ကမ္ဘာပေါ်မှာ အဆိပ်ပြင်းတယ်လို့သတ်မှတ်ခံရတဲ့အင်းဆက်တွေထဲကအမျိုးအစားဖြစ်ပါတယ်။ အမေရိကအလယ်ပိုင်းနှင့်တောင်ပိုင်းက မိုးသစ်တောတွေမှာတွေ့ရတဲ့ ဒီအင်းဆက်ပုရွတ်ဆိတ်တွေဟာ သာမာန်ပုရွတ်ဆိတ်နှင့်အသွင်အပြင်တူညီပေမဲ့ ပြင်းထန်တဲ့အဆိပ်တွေကိုပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်။


ဒီအကောင်သေးသေးလေးတွေရဲ့ တုပ်တာကိုခံရတဲ့သူတွေဟာ သေနတ်ပစ်ခံလိုက်ရသလိုမျိုးနာကျင်မှုကိုခံစားရမှာဖြစ်ပါတယ်။ ကိုက်ခဲပြီးယောင်ယမ်းတာအပြင် အတုပ်ခံရပြီးနောက်ရက်အထိပျို့အန်တာ ဖျားတာတွေကိုတစ်ပတ်လောက်ခံစားနေရမှာဖြစ်ပါတယ်။ ဒီလိုပြင်းထန်တဲ့အဆိပ်တွေအပြင် Bullet Ant တွေဟာ တစ်ကောင်နှင့်တစ်ကောင်ကူညီတတ်လွန်းတဲ့အင်းဆက်တွေဖြစ်ပါတယ်။


သူတို့ဟာတစ်ဖက်ရန်သူကိုစတင်တိုက်ခိုက်ချိန်မှာ အဖော်ဖြစ်သူတွေသိအောင်ဂလဲင်းအနံ့တစ်မျိုးထုတ်ပြီးတော့ အတူလာတိုက်ခိုက်ဖို့ခေါ်တတ်ကြပါတယ်။ ဒါ့အပြင် သူတို့တိုက်ခိုက်ခဲ့တဲ့သူကိုမကျေမနပ်ဖြစ်နေသေးရင် နောက်ရက်တွေမှာပါထပ်ပြီးကိုက်ခဲတာမျိုးလည်းလုပ်တတ်ကြတာဖြစ်ပါတယ်။




Some text some message..