
အီတလီတောင်ပိုင်းဒေသရဲ့နာမည်ကြီးမြို့တစ်မြို့ဖြစ်တဲ့ ဗင်းနစ်ဟာမြို့ရဲ့အနေအထားနှင့် လှပမှုတွေကြောင့်နာမည်ကြီးပါတယ်။ ဒီမြို့ဟာ ရှည်လျားပြီးတော့ ပြာလဲ့နေတဲ့ရေတွေစီးဆင်းနေတဲ့တူးမြောင်းတွေနှင့် အရောင်စုံတဲ့အဆောက်အအုံလေးတွေကြောင့် စိတ်ကူးယဥ်ကမ္ဘာထဲကမြို့တစ်ခုလိုမျိုး လှနေတဲ့မြို့ဖြစ်ပါတယ်။

ဒါပေမဲ့ ဗင်းနစ်မြို့ဟာ ကားနှင့်ဘတ်စ်ကားတွေလုံးဝမရှိတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။ ရေပေါ်မှာတည်ဆောက်ထားတဲ့မြို့ဖြစ်တာကြောင့် မြို့တွင်းမှာကားမောင်းလို့ရတဲ့လမ်းမရှိသလို မြို့ရဲတစ်ခုတည်းသောပို့ဆောင်ဆက်သွယ်ရေးဟာ ရေကြောင်းလမ်းပဲဖြစ်ပါတယ်။ မြို့တွင်းမှာတည်ဆောက်ထားတဲ့တူးမြောင်းတွေဟာ ဖြတ်သန်းသွားလာဖို့အတွက် လမ်းတွေဖြစ်ပြီးတော့ လှေတွေကိုအသုံးပြုပြီးသွားလာရတာဖြစ်ပါတယ်။

မြို့ဟာ သိပ်ပြီးမှမကျယ်ဝန်းတာကြောင့်လှေတွေအသုံးပြုပြီးအေးအေးဆေးဆေးသွားလာလို့ရသလို မြို့တွင်းပြည်သူတွေအတွက် လူထုသယ်ယူပို့ဆောင်ရေးအဖြစ်သုံးတဲ့ရေယာဥ်တွေလည်းရှိပါတယ်။ တူးမြောင်းပေါ်ကလမ်းတွေဟာ လမ်းလျှောက်လို့ရရုံပဲဖြစ်တာကြောင့် ဗင်းနစ်မြို့ကိုခရီးသွားမယ်ဆိုရင် လမ်းလျှောက်တာနှင့်လှေစီးတာကနေပဲ သွားလာလို့ရမှာဖြစ်ပါတယ်။ ဒီအကြောင်းပြချက်ကြောင့်လည်း ဗင်းနစ်ဟာအခုချိန်ထိ စိတ်ဝင်စားစရာကောင်းပြီးလှပတဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုခံနေရတာဖြစ်ပါတယ်။