ယုံကြည်ဖို့ခက်ခဲပေမဲ့ တစ်ကယ်ရှိတဲ့ အပြာရောင် Lobster များ
mmload.com
|
2024-07-25

လူတော်တော်များများဟာ အပြာရောင်ကျောက်ပုစွန်တွေရှိတယ်ဆိုတာကိုယုံကြည်ကြမှာမဟုတ်ပါဘူး။ အကြောင်းကတော့ အပင်တွေမှာတောင်မှ အပြာရောင်ရှားပါးတာကြောင့် အကောင်တွေထဲမှာ တစ်ကိုယ်လုံးအပြာရောင်ဖြစ်နေတဲ့ ကျောက်ပုစွန်ဆိုတာမဖြစ်နိုင်တာကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ Blue Lobster တွေဟာ တစ်ကယ်တည်ရှိနေတဲ့သတ္တဝါတွေဖြစ်ပါတယ်။


ဒီအပြာရောင်ကျောက်ပုစွန်တွေဟာ မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် အခုလိုမျိုးတစ်ကိုယ်လုံးအပြာရောင်ဖြစ်နေတာဖြစ်ပြီးတော့ ရှားပါးတဲ့ဖြစ်စဥ်ဖြစ်ပါတယ်။ ဒီလိုမျိုးရိုးဗီဇပြောင်းလဲမှုဟာ အကောင် နှစ်မီလီယမ်မှာ တစ်ကောင်လောက်ပဲဖြစ်နိုင်တာဖြစ်ပါတယ်။ ဒါကြောင့် ဒီအပြာရောင်ပုစွန်တွေဟာတွေ့ရခဲပြီးတော့ ရှားပါးလွန်းနေတာဖြစ်ပါတယ်။


သူတို့ဟာ သာမာန်အနီရောင်ကျောက်ပုစွန်တွေနှင့် အရသာအတူတူပဲဖြစ်ပေမဲ့ ဈေးနှုန်းကတော့ အဆမတန်မြင့်မားနေတာဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ အပြာရောင်ကျောက်ပုစွန်တွေဟာတွေ့ရရှားပါးရုံတင်မကဘဲ တစ်ချို့တံငါသည်တွေဟာ အပြာရောင်ကျောက်ပုစွန်တွေကိုဖမ်းမိရင် ပြန်လွှတ်ပေးလေ့ရှိတာကြောင့် ဈေးကွက်အတွင်းမှာသူတို့ဟာ တွေ့ရရှားပါးပြီးတန်ဖိုးရှိတဲ့အကောင်တွေဖြစ်နေတာဖြစ်ပါတယ်။




Some text some message..