တရုတ်ဈေးကွက်ကနေ ထွက်ရှိလာတဲ့ ဈေးပေါပေါနဲ့အညံ့စား ကုန်ပစ္စည်းအတုများ
shweinnlay.com
|
2019-01-06



တရုတ်နိုင်ငံဟာ ကမ္ဘာမှာဆိုရင် ပုံစံတူထုတ်ကုန်အတု ထုတ်လုပ်တဲ့နိုင်ငံအဖြစ်နဲ့ နာမည်ကြီးပါတယ်။ တခြားသော ကုန်ပစ္စည်းတွေ ကိုပုံစံယူပြီးအရည်အသွေးနိမ့်တဲ့ ဆင်တူကုန်ပစ္စည်းတွေကို ထုတ်လုပ် တဲ့ဈေးကွက်ကြီးမားပါတယ်။အစားအသောက်၊ လူသုံးကုန်နဲ့ စက်ပစ္စည်းတွေကအစ ပစ္စည်းအမျိုးအ စားအတော်များများမှာ တရုတ်နိုင်ငံက ဆင်တူပစ္စည်းအတု၊ ကုန်ပစ္စည်းအတု ထုတ်လုပ်နိုင်ပါ တယ်။ ဒါ့ ကြောင့်မလို့ တရုတ်နိုင်ငံက ဘယ်လိုမျိုးကုန်ပစ္စည်းအတုတွေကို ထုတ်လုပ်နေပြီး သတိထားစရာ ကောင်းတဲ့ တရုတ်နိုင်ငံ ထုတ်ကုန်ပစ္စည်းတွေအကြောင်းကို ရေးသားဖော်ပြပေးလိုက်ရပါတယ်…

တရုတ်နိုင်ငံကနေ နိုင်ငံရပ်ခြားဈေးကွက်ထဲကို တီလားဗီးယားငါးအမျိုးအစားတွေ တင်ပို့မှုဈေးကွက် ကြီးမားပါတယ်။ တရုတ်နိုင်ငံ ကမွေးမြူတဲ့ တီလားဗီးယားငါးတွေကို နိုင်ငံတော်တော်များများကို တင်ပို့ ရောင်းချပါတယ်။ ဒါပေမယ့် တီလားဗီးယား ငါးမွေးမြူရေး ကန်တွေမှာတော့ တကယ့်ကို စက်ဆုပ်ရွံဖွယ် ရာအတိပါပဲ။ ငါးအကောင်ရေ ထောင်သောင်းကို ငါးလှောင်ကန်သေးသေးလေးထဲ ထည့်ပြီးတော့ ငါးအစာကိုဖြစ်သလို ကျွေးလေ့ရှိတာကိုတွေ့ရပါတယ်။ ငါးမွေးမြူရေးလုပ်ကိုင်တဲ့သူတွေကတော့ ဒီငါး တွေကို လုံးဝမစားကြပါဘူး။




တရုတ်နိုင်ငံရဲ့ ပန်းသီးအချိုရည် ထုတ်ကုန်တွေဟာအမေရိကန်နိုင်ငံကို ၅၀ ရာခိုင်နှုန်းအထိ တင်သွင်းနေပါတယ်။ ဒါပေမယ့် မကြာသေးမီတုန်းကမှ စမ်းသပ်တွေ့ရှိချက်မှာတော့ ဒီအချိုရည်တွေ ထဲမှာဆိုရင် ပိုးသတ်ဆေးဓာတ်တွေအများအပြား ပါဝင်နေ တာကိုတွေ့ရပြီးတော့အခြားစားသုံးရန်မ သင့်တော်တဲ့ ဓာတုဆေးဝါးတွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။




တရုတ်ထုတ် ဆန်အတုတွေ ဈေးကွက်ထဲရောက်ရှိနေပြီဆိုတဲ့အကြောင်းက ပြီးခဲ့တဲ့ လအနည်းငယ် တုန်းကဆိုရင် နိုင်ငံတော်တော် များများရဲ့ ဆိုရှယ်မှာ ပွက်လောရိုက်ခဲ့ပါတယ်။ ဈေးပေါပြီးအရေအ တွက်များများနဲ့ နိုင်ငံတကာကို တင်ပို့နေတဲ့ တရုတ်ထုတ်ကုန် ဆန်တွေဟာ တကယ့်စိုက်ပျိုးရိတ်သိမ်း ထားတဲ့ သီးနှံဆန်စပါးတွေမဟုတ်ပဲနဲ့ ကော်တွေကို ပုံသွင်းအရည်ကျိုရိုက်ယူပြီး စပါးစေ့ဖော် ထားတဲ့ ကော်ဆန်တွေပဲဖြစ်ပါတယ်။ ဘယ်လောက်တောင်မှ စိတ်ပျက်စရာကောင်းလိုက်တဲ့ ဈေးကွက်အတု တွေလဲနော်။အဲ့ဒီဆန်တွေ ဟာ တော်တော်နဲ့ ချက်ပြုတ်လို့မရတဲ့အပြင် မီးလောင်ကျွမ်းနိုင်တဲ့အထိ တောင်ဖြစ်ရတယ်လို့ သိရပါတယ်။




ကြက်ဥတု၊ ဘဲဥတုတွေဟာ တရုတ်နိုင်ငံဈေးကွက်တွေထဲကနေ လာတယ်လို့သိရပါတယ်။ ကြက်၊ ဘဲ မွေးမြူရေးခြံထဲကနေ ရရှိလာတဲ့ ကြက်ဥ၊ ဘဲဥတွေမဟုတ်ပါပဲနဲ့ လူတွေလုပ်တဲ့ ကော်ရည်၊ ဓာတုဗေဒ စပ်ရည်တွေနဲ့ ကြက်ဥ၊ ဘဲဥအတုတွေလုပ်ပြီး ပြည်တွင်းပြည် ပဈေးကွက်ထဲ လိမ်လည်ရောင်းချခဲ့ကြ တာဖြစ်ပါတယ်။




အစိမ်းရောင်ပဲနဲ့အခြားသီးနှံတွေကို တရုတ်ဈေးကွက်ထဲမှာ ပေါပေါလှိုင်လှိုင်ရပြီး နိုင်ငံခြားသို့ တင်ပို့ နေပါတယ်။ မှည့်ရွဲနေတဲ့သီးနှံတွေ၊အရောင်လှလှနဲ့ လက်ဆက်တဲ့ သီးနှံတွေဟာ တကယ်တော့ ဆိုး ဆေးနဲ့ ဓာတုဆေးဝါးတွေအရောင်ဆိုးထားခြင်းဖြစ်ကာ လူတွေမှာဓာတုအဆိပ်သင့်မှုဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

မေ(ရွှေအင်းလေး)




Some text some message..