ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန်အမျိုးသမီးလုပ်ငန်းရှင် ၁၀ ဦး
shwemom.com
|
2019-01-25

ယခုခေတ်ကမ္ဘာကြီးပေါ်မှာ ဘီလျံနာပေါင်း ၁၈၁၀ ဦးခန့် ရှိနေပါတယ်။ သူတို့တွေရဲ့ ကြွယ်ဝမှု စုစုပေါင်းကို တွက်ရမယ်ဆိုရင်အမေရိကန် ဒေါ်လာ ၆.၄၈ ထရီလီယံ ရှိပါတယ်။ ဘီလျံနာကြီးတွေထဲမှာ လူသိအများဆုံးဆိုရင် Bill Gates, Mark Zuckerberg, Warren Buffett တို့ကိုဆို တန်းသိကြမှာပါ။ ထို ဘီလျံနာ ၁၀၀၀ ကျော်ထဲမှာမှအမျိုးသမီး ဘီလျံနာဦးရေဟာ ၁၉၀ ခန့်ပဲ ရှိတာပါ။

စိတ်ဝင်စားစရာက ထိုအမျိုးသမီး ဘီလျံနာ ၁၉၀ ဦးအနက် ၃၃ ယောက်မှာ ကိုယ်ပိုင်စီးပွားရေးနဲ့ ကိုယ့်ထူးကိုယ်ချွန်အောင်မြင်လာကြတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ဖြစ်ပါတယ်။ ထို ၃၃ ယောက်ထဲကမှ ထိပ်ဆုံး ၁၀ ယောက်အကြောင်းကို ပြောပြချင်ပါတယ်။အဆင့် ၁၀ ကနေ စဖော်ပြပေးထားပါတယ်။


(10) Doris Fisher, Gap, $2.6 billion


Celebrity Family

Doris Fisher က ကမ္ဘာကျော်အမေရိကန် ဖက်ရှင်ကုမ္ပဏီ Gap ကို တည်ထောင်သူပါ။ ၁၉၆၉ ခုနှစ်တုန်းက ခင်ပွန်းသည် Donald နဲ့အတူ ထိုလုပ်ငန်းကို စတင်ခဲ့တာပါ။ ဖက်ရှင်ကုမ္ပဏီကို ကိုယ်ပိုင်အားနဲ့ ထိပ်ဆုံးရောက်အောင် ထူထောင်ချင်သူတွေအတွက် စံပြအမျိုးသမီးတစ်ဦးပါပဲ။


(9) Giuliana Benetton, Benetton Group, $2.6 billion


swaay

Giuliana Benetton ကို ၁၉၃၇ ခုနှစ်တုန်းကအီတလီနိုင်ငံမှာ မွေးဖွားခဲ့တာပါ။အီတလီဖက်ရှင် brand Benetton Group ရဲ့ ပူးတွဲတည်ထောင်သူဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ဆိုင်ခွဲပေါင်း ၅၀၀၀ ကျော်ရှိတဲ့ brand တစ်ခုပါ။


(8) Lam Wai Ying, Biel Crystal Manufactory, $2.9 billion


Hello Smart Blog

Lam Wai Ying ကတော့ Apple ထုတ်ကုန်တွေအတွက် touchscreen ထုတ်ပေးရတဲ့ စက်ရုံ Biel Crystal Manufactory ရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။ ထိုလုပ်ငန်းကို ခင်ပွန်းသည် Yeung Kin-man နဲ့အတူ တည်ထောင်ခဲ့တာပါ။


(7) Oprah Winfrey, Oprah Winfrey Network, $2.9 billion


swaay

Oprah Winfrey ကတော့ ဒီ List ထဲမှာ လူသိအများဆုံးလို့ ပြောလို့ရပါတယ်။ ၁၉၅၄ ခုမှာ မွေးခဲ့တဲ့ သူမဟာ talk show တင်ဆက်သူတစ်ယောက်အဖြစ် ကမ္ဘာကျော်တာပါ။အစီအစဉ်ကနေအနားယူပြီးနောက်မှာတော့ ရုပ်သံလိုင်း Oprah Winfrey Network (OWN) ကို တည်ထောင်ခဲ့ပါတယ်။


(6) Denise Coates, Bet365, $3.4 billion


CalvinAyre.com

Denise Coates ဟာ ဗြိတိန်ရဲ့အချမ်းသာဆုံးအမျိုးသမီးလို့ ပြောနိုင်ပြီးအင်္ဂလန်ရဲ့ ထိပ်တန်းစီးပွားရေးသမားတစ်ဦး ဖြစ်ပါတယ်။ ၁၉၆၇ မှာ မွေးခဲ့တဲ့ သူမဟာ Bet365 ဆိုတဲ့အွန်လိုင်းလောင်းကစားကုမ္ပဏီကို တည်ထောင်သူဖြစ်ပါတယ်။


(5) Wu Yajun, Longfor Properties, $3.7 billion


Forbes

Wu Yajun ကတော့ တရုတ်ပြည်ရဲ့ ထိပ်တန်းစီးပွားရေးသမားတွေထဲက နောက်တစ်ဦးပါ။ Longfor Properties ဆောက်လုပ်ရေးလုပ်ငန်းကို တည်ထောင်ခဲ့သူဖြစ်ပါတယ်။


(4) Diane Hendricks, ABC Supply, $4.3 billion


Forbes

Diane Hendricks ၁၉၄၇ ခုနှစ်အမေရိကန်နိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ သူမက စီးပွားရေးသမားဖြစ်တဲ့အပြင် ပရဟိတသမား၊ ရုပ်ရှင်ထုတ်လုပ်ရေးသမားတစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ မူလစီးပွားရေးကတော့ ABC Supply ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီဖြစ်ပါတယ်။


(3) Pollyanna Chu, Kingston Financial, $4.7 billion


Macau Daily Times

Pollyanna Chu ကတော့ ဟောင်ကောင်က ငွေကြေးရင်းနှီးမြှုပ်နှံမှု ဝန်ဆောင်မှုကုမ္ပဏီ Kingston Financial ရဲ့ ဥက္ကဌဖြစ်ပါတယ်။ Golden Resorts Groupအပန်းဖြေစခန်း လုပ်ငန်းစုနဲ့ Sincere Watch နာရီဆိုင်လုပ်ငန်းတွေရဲ့ စီအီးအိုတစ်ဦးလည်း ဖြစ်ပါတယ်။


(2) Chan Laiwa, Fuwah International Group, $5.5 billion


Forbes

Chan Laiwa ကတော့ ဘေကျင်းမြို့ကအအောင်မြင်ဆုံး Fuwah International Group လုပ်ငန်းစုကြီးကို တည်ထောင်ခဲ့သူဖြစ်ပါတယ်။ ၁၉၄၁ ခုနှစ်မှာ မွေးဖွားခဲ့တာပါ။


(1) Zhou Qunfei, Lens Technology, $7.1 billion


swaay

Zhou Qunfei ကတော့ တရုတ်နိုင်ငံရဲ့အချမ်းသာဆုံး လုပ်ငန်းရှင်အမျိုးသမီးဖြစ်ပါတယ်။ ၁၉၇၀ ခုနှစ်မှာ မွေးခဲ့တဲ့အတွက် ဒီစာရင်းထဲကအခြားအမျိုးသမီးတွေနဲ့ နှိုင်းယှဉ်ရင်အသက်လည်း တော်တော်ငယ်ပါသေးတယ်။ စက်ရုံသန့်ရှင်းရေးသမားဘဝကနေ စမတ်ဖုန်း touchscreen တွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး Lens Technology ကို တည်ထောင်သူဖြစ်လာတဲ့အထိ ကြိုးစားခဲ့သူပါ။

Ref: Swaay




Some text some message..