ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာသူဌေးလေးတွေ…. သူတို့ပိုင်ဆိုင်မှု ဘယ်လောက်တောင်ရှိသလဲ။
shweinnlay.com
|
2019-01-27



Forbes မဂ္ဂဇင်းကနေ ၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းကို ထုတ်ပြန်လိုက်ပါ တယ်။အဲ့ဒီစာရင်းထဲမှာ ကမ္ဘာ့အချမ်းသာဆုံးသူတွေထဲ ထူးထူခြားခြား ပါဝင်လာတာကတော့အသက်ငယ်ငယ်ကလေးနဲ့ ချမ်းသာကြွယ်ဝနေတဲ့ လူငယ်လေးတွေ လည်းပါဝင်လာခဲ့ပါတယ်။ ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာသူဌေးစာရင်းထဲ နော်ဝေလူငယ်သုံးဦးပါဝင်လာပြီးတော့အသက်အငယ် ဆုံး ချမ်းသာကြွယ်ဝတဲ့ လူငယ်ကတော့အသက် ၂၁ နှစ်သာရှိပါသေးသတဲ့။ ကဲ ဒီတော့ ယခုနှစ် ၂၀၁၈ ခုနှစ်မှာအသက်အသယ်ဆုံး ကမ္ဘာ့အချမ်းသာဆုံးက ဘယ်သူတွေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်…

အလက်ဇန္ဒားအန်ဒရီဆန်အသက် ၂၁ နှစ်၊ ပိုင်ဆိုင်မှု ဒေါ်လာ ၁.၄ ဘီလျံ

သူမဟာ ကမ္ဘာမှာအသက်အငယ်ဆုံးအချမ်းသာဆုံးသူတစ်ယောက်ဖြစ်ပါတယ်။အသက် ၂၁ နှစ် သာရှိပြီးတော့ မိသားစုပိုင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဖရန့်ဒ်ကနေအမွေဆက်ဆံသူဖြစ်ပြီးတော့ သူမရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁.၄ ဘီလျံရှိပါတယ်။ ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းနဲ့ ငွေကြေးလဲလှယ်မှုလုပ်ငန်းတွေ ကိုလည်း လုပ်ကိုင်နေပါတယ်။




ကတ်သရီနာအန်ဒရီဆန်အသက် ၂၂ နှစ်၊ ပိုင်ဆိုင်မှု ၁.၄ ဘီလျံ

သူမကလည်း နော်ဝေနိုင်ငံကဖြစ်ပါတယ်။ ညီမဖြစ်သူအလက်ဇန္ဒားအန်ဒရီဆန်လိုပဲ ပိုင်ဆိုင်မှု တန်ကြေးအမြောက်အများရှိပါတယ်။ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးအသက်အငယ်ဆုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုှနှစ်တုန်းကဆိုရင် ယာဉ်စည်းကမ်းချိုးဖောက်လို့ ဒေါ်လာ ၂သောင်းခွဲနီးပါး ဒဏ်ရိုက်ခံ ခဲ့ရပါသေးတယ်။




ဂတ်စ်တေးမန်ဂါ ဝီတ်ဇိုးအသက် ၂၄ နှစ်၊ ပိုင်ဆိုင်မှု ၁.၉ ဘီလျံ

နော်ဝေနိုင်ငံသားတစ်ဦးဖြစ်ပြီးတော့အသက်အငယ်ဆုံး ကမ္ဘာ့အချမ်းသာဆုံး တတိယမြောက်ဖြစ် ပါ တယ်။ လယ်ယာစိုက်ပျိုးရေးလုပ် ငန်းကုမ္ပဏီဆယ်လ်မားရဲ့ ပိုင်ဆိုင်မှုတစ်ဝက်နီးပါးကို ပိုင်ဆိုင်ထား ပြီးတော့ ဖခင်ဖြစ်သူက ၂၀၁၃ ခုနှစ်မှာာ ရှယ်ယာတွေကို လက်ဆောင်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ ဖခင်က လုပ်ငန်းတွေ ဦးစီးလုပ်ကိုင်လျှက်ရှိတယ်လို့ သိရပါတယ်။




အီဗန်စပီကယ်အသက် ၂၇ နှစ်၊ ပိုင်ဆိုင်မှု ဒေါ်လာ ၄.၁ ဘီလျံ

Snapchatအက်ပလီကေးရှင်းတွဲဖက်တည်ထောင်သူဖြစ်ပြီးတော့ ကမ္ဘာ့အချမ်းသာဆုံး လူငယ် စာရင်းမှာ ထိပ်ဆုံးကပါဝင်သူလည်းဖြစ် ပါတယ်။




ဂျွန်ကိုလီဆန်အသက် ၂၇ နှစ်၊ ပိုင်ဆိုင်မှု ဒေါ်လာ ၁ ဘီလျံ

ဟားဘတ်ကျောင်းထွက်တစ်ဦးဖြစ်ပြီးတော့အွန်လိုင်းငွေပေးချေမှုကုမ္ပဏီ စတွိုက်ရဲ့ ပူးတွဲတည် ထောင်သူဖြစ်ပါတယ်။အိုင်ယာလန်နိုင်ငံသားဖြစ်ပြီးတော့ လက်ရှိမှာတော့ လုပ်ငန်းရုံးချုပ်ရှိရာအမေရိ ကန်၊ ဆန်ဖရန်စစ္စကိုမှာ နေထိုင်နေပါတယ်။




မေ(ရွှေအင်းလေး)




Some text some message..