ထန်းတက်သူနည်းလာ၍ ထန်းပက်လက် ကုလားထိုင်များ ဈေးတက်လာကြောင်း မန္တလေး တိုင်းဒေသကြီး မိတ္ထီလာမြို့ ရှမ်းတဲကျေးရွာရှိ ထန်းကုလားထိုင်ပြုလုပ်ရောင်းချသူ ကိုထွန်းက ပြောဆိုသည်။
"ထန်းကြီးလက်နဲ့ ထန်းရိုင်းလက်ဆိုပြီး တော့ ထန်းလက်နှစ်မျိုးရှိတယ်။ ထန်းကြီး လက်ကတော့ ဗြက်ကြီးတာပေါ့နော်။ ထန်းရိုင်း လက်ကသေးတယ်။ ထန်းကုလားထိုင်ကိုဗြက် ကြီးတဲ့ ထန်းကြီးလက်နဲ့ ပြုလုပ်ရတယ်။ ထန်း လက်ကလည်း နွေရာသီမှာခုတ်တဲ့ ထန်းလက် ကို နေပူခံအခြောက်လှန်းပြီး ထန်းကုလားထိုင် ပြုလုပ်မှပိုမိုခိုင်ခံ့တယ်။ ကုလားထိုင်တစ်လုံး ပြုလုပ်ရာမှာ ထန်းလက်၂၀ ခန့်အသုံးပြုရပြီး လုပ်ရတာလက်ဝင်တဲ့အတွက် တစ်နေ့တစ်လုံး သာပြီးတယ်"ဟု ၎င်းက ရှင်းပြသည်။
အမိုးအကာ
ယခင်က ရွာတွင် ထန်းတက်သမား ၂၀ ခန့်ရှိသော်လည်း ယခုအခါ ထန်းတက်သူ ၁၀ ဦးခန့်သာရှိတော့ကြောင်း၊ ယခင်က ထန်း ရွက် တစ်ရွက်ကို ကျပ် ၇၀ မှ ကျပ် ၁၀ဝအထိ ပေး၍ဝယ်ယူကာအမိုးအကာအဖြစ်အသုံးပြုရကြောင်း၊ ယခုအခါ ထန်းရွက်တင် မက ထန်းလက်များကိုပါ တစ်လက်လျှင် ကျပ် ၃၀ ပေး၍ ဝယ်ယူနေရကြောင်း သိရသည်။
ခိုင်ခံ့၍ဈေးပိုရ
ထန်းကုလားထိုင်ကို ထန်းသားဖြင့် သီး သန့်လုပ်တာရှိသကဲ့သို့ ထန်းသားနှင့်ဝါးရော ၍ ပြုလုပ်ရောင်းချသူများလည်းရှိကြောင်း၊ ထန်းသားဖြင့် ပြုလုပ်သည့် ကုလားထိုင်များ မှာ ဝါးနှင့်ရော၍ပြုလုပ်သည့် ကုလားထိုင် များထက် ခိုင်ခံ့၍ဈေးပိုရကြောင်း၊ ယမန်နှစ်က ထန်းကုလားထိုင်တစ်လုံးလျှင် ကျပ် ၄၀ဝ၀အထိရောင်းချခဲ့ရပြီး ယခုဆိုလျှင် ကျပ် ၅၀ဝ၀အထိ ရောင်းချနေရကြောင်း ၎င်း၏ပြောပြ ချက်အရ သိရသည်။