စိတ်ချမ်းချမ်းသာသာနဲ့ ပိုက်ဆံဘယ်လိုစုမလဲ
trend.com.mm
|
2019-03-06




လူတော်တော်များများဟာ ပိုက်ဆံစုရတော့မယ်ဆိုရင် စိတ်နည်းနည်း ဖိစီးတတ်ကြပါတယ်။
ပိုက်ဆံစုမယ်ဆိုရင် ချွေချွေတာတာသုံးရတော့မယ်လေ။ လူဆိုတာ လက်ထဲငွေရှိရင် သုံးဖြုန်းချင်ကြတာ
သဘာဝပါပဲ။ သာမန်လူတွေအနေနဲ့ ကိုယ်လိုချင်တာ ၊ ဆန္ဒတွေဖြည့်ဆည်းနိုင်ဖို့ ပိုက်ဆံရှိမှဖြစ်မှာပေါ။့


ဒါဆို ကိုယ်က ပိုက်ဆံလည်းရှာ ၊ ငွေလည်း ကျစ်ကျစ်လစ်လစ်စုတတ်ဖို့အတွက် နည်းလမ်းကောင်းလေး
အချို့ဝေမျှပေးလိုက်ပါတယ်။








– တတ်နိုင်သလောက်အကြွေးကင်းအောင်နေပါ။
–အသေးစား ရင်းနှီးမြှုပ်နှံ့မှုတစ်ခုလုပ်ပါ (သို့) တစ်လဝင်ငွေထဲက ၂ဝ%ကို စုဖြစ်အောင် ကြိုးစားပါ။
– သင့်လစာရဲ့၈ဝရာခိုင်နှုန်းကိုတော့ သုံးချင်တဲ့နေရာမှာ သုံးနိုင်ပါတယ်။


အမြဲ မှတ်ထားရမှာက စုမယ့်ပိုက်ဆံကိုအရင်ဖယ်ထားပါ။ ပြီးတော့မှ ကျန်တဲ့ပိုက်ဆံကို လွတ်လွတ်
လပ်လပ်သုံးပါ။ ၂ဝ %ကများတယ်ဆိုရင်အနည်းဆုံး ၁ဝ% လောက်တော့ စုပါ ။ ဒါမှ ပိုက်ဆံစုတာ
အကျင့်တစ်ခုလိုဖြစ်သွားမှာပါ။








ဒီနည်းလေးကလည်းအလုပ်ဖြစ်မှာပါ… တစ်လကို နည်းနည်းချင်းစီစုသွားရင် ဒီပိုက်ဆံတွေဟာ
တဖြည်းဖြည်းတိုးပွားလာမှာပါပဲ။ စုထားတဲ့ ပိုက်ဆံတွေကိုအငြိမ်မထားပဲ ဒီထက်တိုုးချင်ရင်လည်း
အမြင်ရှိရင်ရှိသလောက် ပွားနိုင်ပါသေးတယ်။


ပိုက်ဆံစုဖို့ ဖယ်ထားပြီးပြီဆိုရင် စုထားတာကို မေ့ထားပါ။ ပိုက်ဆံဘယ်လောက်ရှိရှိ စိတ်မဝင်စားပဲ
စုမြဲတိုင်းစုပါ။ ပိုက်ဆံဘယ်လောက် ရှိနေလဲသိနေရင် စိတ်ထဲကထုတ်သုံးချင်နေမိလိမ့်မယ်။
အဓိကတော့အကြွေးကင်းအောင်နေပါ။အကြွေးရှင်းမှလည်း လူလည်း စိတ်ချမ်းသာစွာ ပိုက်ဆံစုနိုင်မှာပါ။




Some text some message..