မြိတ် ကန်ဖျားကုန်စိမ်းဈေး ဈေးသစ်သို့ပြောင်းရွှေ့ရေး ဈေးသူဈေးသားများ သဘောမတူ လက်မခံကြ
mmtimes.com
|
2019-03-06




ပြောင်းရွှေ့ဖွင့်လှစ်

လက်ရှိ ကန်ဖျားကုန်စိမ်းဈေး သည် လူနေရပ်ကွက်နှင့် နီးကပ်ခြင်း၊အစိုးရ စာသင်ကျောင်းအနီး ကပ်လျက်ရှိနေခြင်းတို့အပြင် တိုင်တန်းမှုများရှိနေခြင်းကြောင့် မြို့နှင့် မနီးမဝေးဖြစ်သော ကလွင်ကျေးရွာအုပ်စု ရှမ်း ချောင်းရပ်ကွက်၌ ပြောင်းရွှေ့ဖွင့်လှစ်ပေး ထားကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီရုံးမှ သိရသည်။

ကန်ဖျား ကုန်စိမ်းဈေး A 1 ခုံပိုင်ရှင် ဈေးသည် ဦးထွန်းထွန်းဦးက "ဒီဈေးသစ်ကို ကန်ဖျား ကုန်စိမ်းဈေးနဲ့စပ်လျဉ်းပြီး ဈေးသူ ဈေးသားတွေကို ကြိုတင်အသိပေးတာမျိုးမရှိ သလို ဈေးသစ်ကို ပြောင်းရွှေ့ဖို့ဆိုတာကို လည်း လုံးဝသဘောမတူပါဘူး။အခုမှလာပြီးအစည်းအဝေးခေါ်တာကိုလည်း ကန့်ကွက်ပါ တယ်"ဟု ပြောဆိုသည်။


တိုင်တန်း

ကန်ဖျားကုန်စိမ်းဈေးမှာ ဆယ်စုနှစ် တစ်ခုကျော်အထိ ရောင်းချနေသော ဈေးတစ် ဈေးဖြစ်ပြီး လက်ရှိတွင် မြို့အင်္ဂ ါရပ်နှင့်အညီ ယာဉ်ကြောပိတ်ဆို့မှုများ၊ ဟင်းသီးဟင်းရွက်အနံ့ဆိုးများထွက်နေခြင်းကြောင့် ပြည်သူလူထု နှင့် ကျောင်းသားမိဘများက တိုင်းအစိုးရအဖွဲ့ထံ တိုင်တန်းထား၍ ပြောင်းရွှေ့ရခြင်း ဖြစ်ကြောင်း မြို့နယ် စည်/ကော်ရုံးမှ သိရသည်။

မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ ရုံး ဥက္ကဋ္ဌဦးမြတ်ကိုကိုက "ကျွန်တော်တို့ ကုန်စိမ်းဈေးသစ်မှာ လက်ရှိ ဈေးဟောင်း ထက်အများကြီး သန့်ရှင်းသန့်ရပ်အောင် တည်ဆောက်ပေးထားပါတယ်။ ဈေးဟောင်းက ကုန်စိမ်းဒိုင်ကြီးတွေ မဖြစ်မနေပြောင်းရွှေ့ရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ လက်လီလက်ကားဆိုင် တွေပါ ပြောင်းရွှေ့ပေးရမှာပါ။ ဈေးသူဈေးသား တွေကိုလည်း ခေါ်ယူသတိပေးထားပါတယ်။ ဆိုင်ခန်းတွေကိုလည်းအခမဲ့ပေးသွားမှာ ဖြစ် တယ်"ဟု ပြောဆိုသည်။

မြို့နယ် စည်/ကော်က ဈေးသူဈေးသား များကို မတ် ၃ ရက်က တွေ့ဆုံခေါ်ယူပြီး ဈေးဟောင်းမှ ဈေးသစ်သို့ တစ်လအတွင်း ပြောင်းရွှေ့ပေးကြရန် သတိပေးပြောကြားသော် လည်းအများစုမှာ ဈေးသစ်သို့ပြောင်းရွှေ့ရေး ဆန္ဒမရှိကြောင်း သိရသည်။

"ဈေးသူဈေးသားတွေကို မနစ်နာအောင် လို့ ကျွန်တော်အချိန်တစ်လ ပေးထားပါတယ်။ တစ်လအတွင်းမှာ ဈေးသစ်ကို လုံးဝမပြောင်း လာဘူးဆိုရင်တော့ ပြင်ပကလူတွေကို ဆိုင်ခန်း တွေအခမဲ့ပေးအပ်သွားမှာ ဖြစ်ပါတယ်" ဟု ဦးမြတ်ကိုကိုက ထပ်လောင်းပြောဆိုသည်။


အချိန်ပိုင်းသာခွင့်ပြု

ရှမ်းချောင်း ကုန်စိမ်းဈေးသို့အပြီးပြောင်း ရွှေ့ရန် မတ်လအကုန် ဧပြီ ၁ ရက်အထိအချိန်ပေးထားပြီး လက်ရှိ ဈေးဟောင်းနေရာ တွင် ယခင်ကကဲ့သို့အချိန်ပြည့်ဈေးရောင်း ချခြင်းခွင့်ပြုတော့မည်မဟုတ်ဘဲအချိန်ပိုင်းအဖြစ် နံနက် ၆ နာရီမှ ၁၁ နာရီအထိသာ ရောင်းချခွင့်ပြုမည်ဖြစ်သည်။




Some text some message..