Forbes က ထုတ်ပြန်လိုက်တဲ့ (၂၀၁၉)ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်း
shwemom.com
|
2019-03-07

Forbes မဂ္ဂဇင်းကနေ (၂၀၁၉)ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။Forbes Billionaire list 2019 စာရင်းထဲမှာ ပါဝင်ခဲ့တဲ့ Top 10 တွေရဲ့အမည်စာရင်းကို ဖော်ပြပေးလိုက်ပါတယ်။


forbes


#10 Larry Page ($50.8B)


Celebs Net

Larry Page ကတော့အမေရိကန်သိပ္ပံပညာရှင်၊အင်တာနက်စွန့်ဦးတီထွင်သူ နဲ့ Google ရဲ့ Co- founder ပါ။$50.8B နဲ့ နံပါတ် (၁၀)နေရာမှာ ရပ်တည်ခဲ့ပါတယ်။


#9 Michael Bloomberg($55.5B)


Newsmax

Michael Bloomberg ကတော့ (၅၅.၅)ဘီလီယံနဲ့ နံပါတ် (၉)နေရမှာ ရပ်တည်ခဲ့တာပါ။Michael Bloomberg ကတော့ ဘဏ္ဏာရေးဆိုင်ရာအချက်အလက်နဲ့ မီဒီယာကုမ္ပဏီ Bloomberg LP ရဲ့ co founder ပါ။


#8 Mark Zuckerberg ($62.3B)



abcnews

Mark Zuckerberg ကတော့ Facebook ရဲ့ CEO ပါ။ (၆၂.၃)ဘီလီယံနဲ့ နံပါတ် (၈)နေရာမှာ ရပ်တည်ခဲ့ပါတယ်။


#7 Larry Ellison($62.5B)


NDTV Gadgets

Larry Ellison ကတော့အမေရိကန် စီးပွားရေးလုပ်ငန်းရှင်ပါ။(၆၂.၅)ဘီလီယံနဲ့ နံပါတ် (၇)နေရာမှာ ရပ်တည် ခဲ့ပါတယ်။Oracle Corporation ရဲ့ co-founder တစ်ေ ယာက် ဖြစ်သလို။executive chairman ၊ chief technology officer တစ်ယောက်ပါ။Oracle ရဲ့ CEO ရာထူးကိုတော့ (၂၀၁၄)မှာ စွန့်လွှတ်ခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ Chairman နဲ့ နည်းပညာပိုင်းဆိုင်ရာအကြီးအကဲ တစ်ယောက်အဖြစ်နဲ့ ဆက်လက်တာဝန်ယူနေတုန်းပါ။


#6 Amancio Ortega($62.7B)


El Español

Amancio Ortega ကတော့ စပိန် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပါ။သူ့ရဲ့ ကြွယ်ဝချမ်းသာမှုကတော့အမေရိကန် ဒေါ်လာ (၆၂)ဘီလီယံပါ။ Zara လို့ လူသိများကြတဲ့ Inditex fashion group ရဲ့ Founder နဲ့ chairman ဟောင်း ပါ။တစ်နှစ်မှာ ရှယ်ယာအစုပေါ်အမြတ်အမေရိကန်ဒေါ်လာသန်း(၄၀၀)ရရှိထားသူပါ။သူရတဲ့ ရှယ်ယာ စု ပေါ်အမြတ်ငွေတွေကိုတော့အိမ်ခြံမြေလုပ်ငန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံထားပါတယ်။


#5 Carlos Slim Helu & family ($64B)


WLTH

Carlos Slim Helu ကတော့ မက္ကဆီကန် စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ယောက် ဖြစ်သလိုအင်ဂျင်နီယာ၊ ရင်းနှီး မြှုပ် နှံသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ကန်ဒေါ်လာ (၆၄)ဘီလီယံနဲ့ နံပါတ် (၅)နေရာမှာ ရပ်တည်ခဲ့ပါတယ်။


#4 Bernard Arnault & family ($76B)


CNBC.com

ပြင်သစ်စီးပွားရေးလုပ်ငန်းရှင်ကြီးပါ။ကမ္ဘာ့အကြီးဆုံး luxury ပစ္စည်းတွေကို ထုတ်တဲ့ LVMH ရဲ့ CEO ပါ။(၇၆) ဘီလီယံနဲ့ နံပါတ် (၄)နေရာကို ရပ်တည်ခဲ့တာပါ။


#3 Warren Buffett ($82.5B)


BBC


Berkshire Hathaway ဆိုတဲ့ ကော်ပိုရေးရှင်းကုမ္ပဏီကြီးရဲ့ CEO ပါ။ကန်ဒေါ်လာ (၈၂.၅)ဘီလီယံ နဲ့ နံပါတ် (၃) နေရာမှာရှိနေခဲ့ပါတယ်။


#2 Bill Gates ($96.5B)


Time Magazine

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းရဲ့ ထိပ်တန်းနေရာကနေ မဆင်းတဲ့ Bill Gates ကတော့ (၂၀၁၉)မှာလည်း ကန်ဒေါ်လာ (၉၆.၅)ဘီလီယံနဲ့ ထိပ်တန်း နေရာမှာ ဆက်ရှိနေပါတယ်။


#1 Jeff Bezos & family ($131B)


Vulcan Post

Amazon ရဲ့ CEO ဖြစ်သူ Jeff Bezos ကတော့ ကန်ဒေါ်လာ (၁၃၁)ဘီလီယံနဲ့ နံပါတ် (၁)နေရာမှာ ရှိနေခဲ့ပါတယ်။

Source Forbes




Some text some message..