Kraff Heinz ရှယ်ယာဈေးနှုန်း ကျဆင်း
yangonmedia.com
|
2019-03-07




ချီကာဂို


Kraff Heinz ရှယ်ယာဈေးနှုန်း စံချိန် တင်ကျဆင်းခဲ့ကြောင်း၊ ကုမ္ပဏီစားသောက် ထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်မှုအားနည်းချက်က ဖောက်သည်တို့၏အာသီသကို လျော့ပါးစေခဲ့ခြင်းကလည်း ကုမ္ပဏီ၏ ရှယ်ယာဈေး နှုန်းထိုးကျခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အမေရိကန်ပြည်ထောင်စု ဧရာမစားဖွယ် ရာကုမ္ပဏီကြီး၏ စတော့ရှယ်ယာဈေး ၂၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း၊ ၂ဝ၁၈ ခုနှစ် စားသောက်ကုန်ရောင်းအား ကျဆင်းသွားခဲ့ခြင်းက ယခုကဲ့သို့ ရှယ်ယာဈေးနှုန်းများ ထိုးကျသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


Kraff Heinz ကုမ္ပဏီကမူ လက်ရှိတွေ့ ကြုံနေရမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ပြောကြားခဲ့သည်။ Kraff Heinz ကုမ္ပဏီ ကမ္ဘာ့အကြီးမားဆုံးစားသောက်ကုန်လုပ်ငန်းကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည့် ၂ဝ၁၅ ခုနှစ်က Kraft Foods နှင့် HT Heinz ကုမ္ပဏီ နှစ်ခု ပူးပေါင်းကာ Kraft Heinz ကုမ္ပဏီအဖြစ် ဖန်တီးခဲ့သည်။ ၂ဝ၁၈ ခုနှစ်တွင် Kraft Heinz ကုမ္ပဏီ၏ ကုန်ပစ္စည်းရောင်းအားအမေရိကန်ဒေါ်လာ ၂၆ ဒသမ ၂ ဘီလီယံအထိ ကျဆင်းခဲ့ပြီးအမေရိကန်ဒေါ်လာ ၁ဝ ဒသမ ၂ ဘီလီယံအရှုံးပေါ်ခဲ့သည်။



Ref: BBC

#theyangontimes





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..