Lotayamm

BMW နှင့် Daimler တို့ မော်တော်ကားသစ် ထုတ်လုပ်မှုလုပ်ငန်းတွင် ယူရို တစ်ဘီလီယံ ရင်းနှီးမြှုပ်နှံ
yangonmedia.com
|
2019-03-07




ဘာလင်၊


BMW နှင့် Daimler မော်တော်ကား ထုတ်လုပ်သည့်ကုမ္ပဏီတို့က မောင်းသူမဲ့မော် တော်ယာဉ်၊ လှမ်းခေါ်အငှားယာဉ်နှင့် အကြွေးစနစ်နှင့် ရောင်းချမည့် မော်တော်ကားတို့ကဲ့သို့ သော မျိုးဆက်သစ်ဝန်ဆောင်မှုလုပ်ငန်းများ အပါအဝင် ပူးတွဲလုပ်ငန်းတစ်ခုကို ထုတ်ဖော် ဖွင့်ဟခဲ့ကြောင်း သိရသည်။


ကုမ္ပဏီနှစ်ခုတို့က ၎င်းတို့၏စီမံကိန်းတွင် ယူရိုတစ်ဘီလီယံ ရင်းနှီးမြှုပ်နှံသွားကြမည်ဖြစ်သည်။ အဆိုပါစီမံကိန်းတွင် ယာဉ်မောင်းများကားပါကင်ထိုးခြင်းနှင့် လျှပ်စစ်ဓာတ်အားသွင်းခြင်းတို့ကိုပါ အထောက်အကူပြုရန် စီစဉ်ထားကြောင်းသိရသည်။ BMW နှင့် Daimler တို့အနေနှင့် Uber နှင့် အခြားသောနည်းပညာကုမ္ပဏီတို့ကဲ့သို့ သော ရွှေ့ပြောင်းနိုင်သည့် ဝန်ဆောင်မှုလုပ် ငန်းကုမ္ပဏီတို့၏ ယှဉ်ပြိုင်မှုကို ရင်ဆိုင်ရနိုင် ဖွယ်ရှိသည်။  BMW နှင့် Daimler တို့က နည်းပညာကုမ္ပဏီသစ်များကို ဝယ်ယူရန် ပြင် ဆင်လျက်ရှိကြောင်း သိရသည်။



Ref: BBC

#theyangontimes




ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..