လိုချင်တာလည်းရပြီး ပိုက်ဆံလည်းစုမိစေမယ့်အထိရောက်ဆုံးရည်ရှည်နည်းလမ်း (၄) ခု
shwemom.com
|
2019-03-07

အလုပ်လုပ်တယ်ဆိုတာ လိုချင်တာချည်းပဲ ထိုင်ဝယ်နေလို့လည်း မဖြစ်သလို၊ ပိုက်ဆံချည်းပဲ ထိုင်စုနေပြန်ရင်လည်းအလုပ်ရဲ့ ဖိဆီးမှုတွေ၊ မသုံးရက်မစွဲရက်နဲ့ စိတ်တွေကို ချိုးနှိမ်ထားရတဲ့အတွက် ဝန်ပိလာတဲ့ စိတ်ဖိဆီးမှုတွေကြောင့် လူသားတစ်ယောက်ရဲ့ပျော်ရွှင်မှုကို မရတတ်တဲ့အတွက် လိုချင်တာလေးတွေလည်း ဝယ်ရင်း၊ ပိုက်ဆံလည်းစုမိရင်းနဲ့အကြွေးပါကင်းစင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။


(၁) ၂၀/၈၀ ဝင်ငွေစီမံနည်း

အကြွေးတွေရှိခဲ့မယ်ဆိုရင်တော့အရင်ဆုံးရှင်းပစ်ဖို့တော့လိုအပ်မှာပါ။ ပိုက်ဆံချေးခြင်းနောက်ကွယ်မှာအတိုးဆိုတာလည်း ကပ်လိုက်တတ်တာမို့ ပိုက်ဆံစုဖို့နဲ့ သုံးစွဲဖို့မဆိုထားနဲ့အပိုငွေလေးတစ်ပြားမှတောင် မကုန်စေဘဲ စားဝတ်နေရေးနဲ့ ခရီးစရိတ်တို့ကို ဖယ်ပစ်ကာ ရှိသမျှဝင်တွေအားလုံးကိုအကြွေးကြေတဲ့အထိ ပေးပစ်လိုက်ပါ။

ပြီးကာမှ ၂၀/၈၀ နည်းလမ်းအတိုင်း လိုက်နာကြတာပေ့ါ။ ၂၀/၈၀ ဆိုတာ လစဉ်ဝင်ငွေရဲ့ ၂၀%ကို စုတာပဲဖြစ်ဖြစ်၊ ဝင်ငွေပွားမယ့် စီးပွားရေးတစ်ခုမှာ ရင်းနှီးမြှုပ်နှံတာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။ နောက်ထပ်ကျန်တဲ့ ၈၀% ကိုတော့ စားဝတ်နေရေးနဲ့ ကျန်တဲ့စရိတ်စကတွေပေါင်းသုံးပြီး ကျန်တဲ့ပိုက်ဆံကို သုံးချင်သလိုသုံးနိုင်ပါပြီ။


pixabay


(၂) ၆၀/၁၀/၁၀/၁၀/၁၀ ဝင်ငွေစီမံနည်း

စားရေးသောက်ရေး၊အသုံးအဆောင်၊အဝတ်အစား၊ သွားရေးလာရေးအတွက်က ၆၀% သုံးပြီး ကား၊အိမ်၊အကြွေးပေးဖို့အတွက်ကိုတော့ ၁၀% ၊ ကောက်ခါငင်ကာထဖြစ်တတ်တဲ့ ကားပျက်တာတို့၊ ကျန်းမာရေးစရိတ်တို့ လက်ဆောင်ပစ္စည်းမဖြစ်မနေဝယ်ပေးရတဲ့အခါမျိုးတွေမှာ ၁၀% ၊ ရုပ်ရှင်ကြည့်တာ၊ စာအုပ်တို့ ဖုန်းဘေတို့အတွက်က ၁၀% နဲ့ နောင်ရေးအတွက် မျှော်မှန်းပြီး ငွေစုဖို့ကတော့ ၁၀%အဖြစ် ခွဲပေးထားပါတယ်။အကယ်၍ သင့်မှာအကြွေးမာျးနေခဲ့ရင်တော့ ၆၀% ထဲကအကြွေးပေးရမယ့်ငွေထဲကို နောင်ရေးအတွက် စုထားတဲ့ ငွေ ၁၀% ကို ယူပြီး မကျေမချင်းဆပ်လိုက်ပါ။


pixabay


(၃) ၁၀% နည်းလမ်း

ဝင်ငွေနည်းသူတွေ၊အိမ်ကို ထောက်ပံ့ရသူတွေနဲ့အကြွေးကင်းသူတွေအတွက် ရည်ရွယ်ထားတဲ့ နည်းလမ်းပါ။ ဝင်ငွေရဲ့ ၁၀% ကို လစဉ်ပုံမှန်စုသွားခြင်းဟာ တစ်နှစ် နှစ်နှစ်အတွင်းမှာတော့ သိပ်မသိသာပေမယ့် နှစ်တွေကြာလာတဲ့အခါမှာတော့အားကိုးလောက်စရာ ပမာဏတစ်ခုကို ရောက်သွားမှာပါ။ ထောက်ပံ့စရာမရှိဘဲ ကိုယ့်မိဘအိမ်မှာပဲနေစားနေသူတွေအတွက်ကတော့ ၁၀% မဟုတ်ဘဲ ဝင်ငွေရဲ့ ၆၀%အထိ စုသင့်တယ်လို့အကြံပေးပါရစေ။


pixabay


(၄) တစ်ဝက်စီမံကိန်း

ဝင်ငွေကို တစ်ဝက်ခွဲပြီး တစ်ဝက်ကို လက်ထဲမှာကိုင်ထားကာ ကျန်တစ်ဝက်ကိုတော့ ဘဏ်ထဲထည့်ထားလိုုက်ပါ။အိမ်စရိတ်၊ စားစရိတ်နဲ့သွားလာရေးစရိတ်၊အသုံးစရိတ်တွေကို လက်ထဲမှာရှိတဲ့ ဝင်ငွေတစ်ဝက်နဲ့လောက်အောင်သုံးပါ။ ဘယ်လိုမှ မလောက်နိုင်ဘူးဆိုကာမှ ဘဏ်ထဲမှာ ဒီတစ်လအတွက်ထည့်ထားတဲ့ ဝင်ငွေတစ်ဝက်ရဲ့ တစ်ဝက်ကို ထုတ်သုံးပါ။ ဒါပေမဲ့ ဒီနည်းလမ်းဟာ ဘဏ်ထဲထည့်ထားတဲ့ ပိုက်ဆံတစ်ဝက်ကို ပျင်းလို့ဆိုပြီး တော်ရုံသွားထုတ်ပစ်မှာမဟုတ်ပါဘူး။


pixabay

တကယ်တော့ ပိုက်ဆံဆိုတာ စုပြီးမှ သုံးရမှာဖြစ်ပေမယ့် ဒီနည်းလမ်း ၄ ခုကတော့အခုမှအလုပ်စလုပ်မယ့်လူတွေနဲ့ ငွေဖြုန်းချင်စိတ်ကို ထိန်းချုပ်လို့ မရသူတွေ၊ လစဉ်ကိုယ့်အသုံးစရိတ်အပြင် တစ်နေရာကို ပြန်ထောက်ပေးနေသူတွေအတွက် ရည်ရှည်မှာ ကောင်းမွန်ပြီးအသုံးတဲ့တဲ့နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။


Source: Bright Side


Penny




Some text some message..