
လက်ရှိမှာ ထိုင်းနိုင်ငံဟာဆိုရင် လူငယ်တွေကြားမှာရေပန်းစားနေပြီး ခရီးသွားတွေအတွက် မျက်စိကျစရာ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်နေပါတယ်။ ဒါ့အပြင် လူငယ်တွေအတွက် ကျောင်းလျှောက်တဲ့နေရာမှာလည်း အာရှမှာ ဆိုရင် စိတ်ဝင်စားမှုမြင့်တတ်နေတဲ့ နေရာတစ်ခုပါ။
ဒီလိုနိုင်ငံမျိုးမှာမှ ဟိုတယ်နှင့် ခရီးသွားလာရေးစီမံခန့်ခွဲမှု ပညာရပ်( Hotel and Tourism Industry Management)ကို ပညာတော်သင်ဆုနဲ့ သင်ကြားရမယ် အထက်တန်းအောင်တာနဲ့ လျှောက်လို့ရမယ် ဆိုရင်တော့ အားလုံးစိတ်ဝင်စားကြလိမ့်မယ်လို့ထင်ပါတယ်။
ဒီအခွင့်အရေးကိုတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ The International Hotel and Tourism Industry Management School (I-TIM) ကနေ အာဆီယံနိုင်ငံသားတွေအတွက် ယူဆောင်လို့လာခဲ့ပါပြီ။ I-TIM ဟာဆိုရင် မိတ်ဖက်အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး 2023 June Intake အတွက် ပညာတော်သင်ဆုတွေကို ပေးအပ်နေတာပါ။ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းအတွက် ပညာရပ်ဆိုင်ရာ အရည်အချင်းပြည့်မှီပြီး ကိုယ်ရည်ကိုယ်သွေးရှိတဲ့ လူငယ်များပေါ်ထွက်လာစေဖို့အတွက် ငွေကြေးနဲ့ပညာရပ်တွေ ထောက်ပံ့ပေးနေတာ ဆိုလည်း မမှားပါဘူး။
ဒါဆိုရင် ပညာတော်သင်ဆုနဲ့ပတ်သက်ပြီး အသေးစိတ်ကို ဆက်ကြည့်လိုက်ကြရအောင်_
ပေးအပ်မည့် ပညာသင်ဆုအမျိုးအစား - Two-Year Diploma in Hotel & Tourism Management (International Program)
တက်ရောက်ရမည့်ကာလ - 2 Years
ပေးအပ်မည့် ပညာသင်ဆု အရေအတွက် - 25
စတင်တက်ရောက်ရမည့်လ - July 2023
လျှောက်ထားရန်အတွက်လိုအပ်ချက်များ
အသက် ၁၈နှစ်နဲ့ ၂၈နှစ်ကြားဖြစ်ရပါမယ်။
ကောင်းမွန်ထူးချွန်တဲ့ အထက်တန်းကျောင်းအောင်လက်မှတ် (သို့) အထက်တန်းထက်မြင့်သော ဒီပလိုမာ အောင်လက်မှတ်ရှိရပါမယ်။
အနည်းဆုံး GPA Score 2.5 နှင့်အထက်ဖြင့် အထက်တန်းအောင်မြင်ထားသူဖြစ်ရပါမယ်။
ဝန်ဆောင်မှုလုပ်ငန်းဖြစ်တာကြောင့် ကောင်းမွန်တဲ့ရုပ်ရည်နှင့် သန့်ရှင်းသပ်ရပ်တဲ့ ဝတ်စားဆင်ယင်မှု မျိုးရှိတဲ့သူဖြစ်ရပါမယ်။
ယောင်္ကျားလေးအနေနဲ့ အနိမ့်ဆုံးအရပ် 170cm (၅ပေ၇လက်မ)ရှိပြီး မိန်းကလေးအနေနဲ့ အနိမ့်ဆုံးအရပ် 160cm (၅ပေ၃လက်မ)ရှိရမည်ဖြစ်ပြီး အရပ်နှင့်ညီမျှတဲ့ ခန္ဓာကိုယ်ဝိတ်အချိုးအစား ရှိရပါမယ်။
အင်္ဂလိပ်စာဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုပိုင်နိုင်ရပါမယ်။
လျှောက်ထားသူများထဲမှ ပမာဏအဆင့်ရွေးချယ်ခံရသူများ အနေဖြင့် ပညာတော်သင်ဆုကော်မတီမှ ကျင်းပတဲ့ ရေးဖြေစာမေးပွဲနဲ့ နှုတ်ဖြေအင်တာဗျူးကို ဖြေဆိုရမှာဖြစ်ပါတယ်။
အကျိုးခံစားခွင့်များအနေနဲ့ကတော့ ပညာသင်ကာလအတွင်း ပညာသင်စရိတ်အတွက် ၁၀၀ရာခိုင်နှုန်း အပြည့်အဝထောက်ပံ့မည်ဖြစ်ပြီး I-TIMနဲ့ မိတ်ဖက်ကုမ္ပဏီများမှာ အလုပ်သင်ဆင်းပြီး အတွေ့အကြုံယူနိုင်မယ့် အခွင့်အရေးပါရရှိမှာပါ။
တစ်ခုရှိတာကတော့ ဒီပညာတော်သင်ဆုထဲမှာ အပိုကုန်ကျစရိတ်တွေဖြစ်တဲ့ နေထိုင်စားသောက်စရိတ်၊ သွားလာစရိတ်၊ ယူနီဖောင်းစရိတ်၊ အာမခံကြေး၊ လေယာဥ်လက်မှတ်ဖိုး၊ ဗီဇာခ စတာတွေကိုတော့ လျှောက်ထားသူဘက်မှ ကုန်ကျခံရမှာပါ။ ဒါတွေက တစ်နှစ်ကို ဘတ်ငွေ 23,000 THB နဲ့အထက်(မြန်မာငွေ သိန်း၂၀နှင့်အထက်) ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
အသေးစိတ်အချက်အလက်တွေကိုတော့ အောက်မှာဖော်ပြထားတဲ့ I-TIM ရဲ့ Official Website Link ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
>>
https://bit.ly/43bsV8s
Application Process ကိုတော့ အပေါ်မှာပေးထားတဲ့ လင့်ခ်ကနေပဲ Apply Now ကနေဝင်ရောက်လျှောက်ထား
ရပါမယ်။ Deadline က May 31st,2023 ပါ။ မို့လို့ နီးနေပြီဆိုတော့ အမြန်လေးလျှောက်ထားဖို့ အကြံပြုချင်ပါတယ်။