Synonym, Antonym & Homonym
lotaya.mpt.com.mm
|
2023-05-23

        English စာကိုလေ့လာတဲ့အခါမှာ 4 skills တွေ ဘယ်လိုပဲ တတ်မြောက်ပါစေ ဝေါဟာရတွေ မသိ ဘူး၊ ဝေါဟာရတွေ နဲ့ သဒ္ဒါနည်းကျ ပတ်သတ် ဆက်နွယ်မှုတွေ မသိဘူး၊ စကားလုံးကို စာကြောင်း ထဲမှာ ဘယ်လို အသုံးပြုရမလဲဆိုတာ မသိသေးရင် တော့ English စာ တကယ် မတတ်မြောက်သေးပါ ဘူး။

        ဒါဆိုရင်တော့ အရှေ့မှာ ပြောခဲ့တဲ့အတိုင်း ဝေါဟာရ ကြွယ်ဝအောင် လုပ်သင့်တဲ့ နည်းလမ်း တစ်ခုဖြစ်တဲ့ "nym" တွေ အကြောင်းကို ပြောပြပေး သွားပါမယ်။  "nym" တွေ အများကြီးရှိတဲ့ အထဲက မှ အခြေခံ "nym" (3) မျိုး အကြောင်းပြောပြပေး ပါမယ်။


1.Synonym (ကြောင်းတူသံကွဲ)

   Synonym ဆိုတာဟာ အဓိပ္ပါယ်ဆင်တူပြီး အသံထွက် ကွဲမယ် ၊ စာလုံးပေါင်း မတူတဲ့ စကား လုံးတွေ ဖြစ်ပါတယ်။

(same meaning, different spelling and sound)

ဥပမာ အချို့ ကို ကြည့်ကြရအောင်။

Big        -    Huge      (ကြီးမားသော)

Talk       -    Speak    (စကားပြောသည်)

Strat      -    Begin     (စတင်သည်)

Stone    -    Rock      (ကျောက်တုံး)

Fast       -   Quick      (လျှင်မြန်သော)

   ဖော်ပြပါ ဥပမာ အချို့က စကားလုံးလေးတွေမှာ စာလုံးပေါင်းသတ်ပုံကွဲလွဲနေသော်လည်း အဓိပ္ပါယ် က တူနေတယ် (သို့မဟုတ်) ဆင်တူနေတယ် ဆိုတာ ကို တွေ့မြင်ရပါတယ်။ အဓိပ္ပါယ်တူနေပြီး စာလုံး တွေ အမျိုးမျိုးရှိတဲ့အတွက် synonym တွေကို လေ့လာထားပါက အင်္ဂလိပ်စာသတ်ပုံ များများ သိရှိ နိုင်ပြီး စာကြောင်းတွေမှာ လိုသလို ထည့်သုံးလို့ ရပါ တယ်။


2.Antonym (ဆန့်ကျင်ဘက်)

  Antonym ဆိုတာကတော့ ဆန့်ကျင်ဘက် စကားလုံးများကို ဆိုလိုပါတယ်။ ဆန့်ကျင်ဘက်ဆို စကားလုံးဆိုလို့ ခွေး နှင့် ကြောင်ဆိုပြီး ပြောလို့ မရပါဘူးနော်။ ဆန့်ကျင်ဘက် ဂုဏ်ရည်ရှိတဲ့ စကား လုံးတွေကိုသာလျှင် Antonym လို့ခေါ်ပါတယ်။

ဥပမာနှင့်တကွ ကြည့်ရအောင်။

Black (အမဲရောင်)  - White  (အဖြူရောင်)

Big     (ကြီးသော)   - Small  (သေးသော)

Day    (နေ့)            - Night   (ည)

Full     (ပြည့်သော) - Empty (ဘာမှမရှိသော)

Hot     (ပူသော)      - Cold    (အေးသော)

    Antonym များဟာ တစ်ခုထက်ပိုသော စကားလုံး များလည်း ရှိနိုင်ပါတယ်။ Big ရဲ့ Antonym ဟာ Small လည်း ရှိသလို Tiny လည်း အဓိပ္ပါယ်ဟာ တူတူပဲမို့ သုံးလို့ရပါတယ်။ ဒါကြောင့်မို့ Antonym ဟာလည်း မဖြစ်မနေ လေ့လာသင့်ပါတယ်။


3.Homonym (သံတူကြောင်းကွဲ)

Homonym ဆိုတာက‌တော့ မြန်မာလိုဆို သံတူကြောင်းကွဲလို့ မှတ်ယူနိုင်ပါတယ်။ Homonym တွေက အသံထွက် နှင့် စာလုံးပေါင်းတူပါတယ်။ သို့သော် အဓိပ္ပါယ်ကွဲလွဲတဲ့ စကားလုံးတွေ ဖြစ်ပါ တယ်။

(Same sound and spelling,different meaning)

ဥပမာအချို့ကို ကြည့်ရအောင်။

Right (ညာဘက်) - Right (မှန်ကန်သည်)

Bat    (လင်းနို့)     - Bat    (ဘေ့စ်ဘောရိုက်တံ)

Ring  (လက်စွပ်)  - Ring  (ဖုန်းလာသည်)

Sink  (နစ်မြုပ်သည်) - Sink (ဘေစင်)

Nail   (သံ)           - Nail    (‌ခြေ/လက်သည်း)

     Homophone နဲ့ Homograph လည်း Homonym အုပ်စုဝင်တွေ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ Homophone သို့မဟုတ် Homograph ကို ရည်ညွှန်းကာ Homonym တွေကို ပိုပြီးကျယ်ကျယ် ပြန့်ပြန့် အသုံးပြုနိုင်ပါတယ်။

  • Homophone
 

     အသံထွက်တူပြီး အဓိပ္ပါယ်ရော စာ‌လုံးပေါင်းပါ ကွဲပြားနေတာကို Homophone လို့ခေါ်ပါတယ်။

(Same sound, different meaning and spelling)

Too (လည်းပဲ) - To (သို့)  - Two (နှစ်)

Night  (ည)             - Knight (သူရဲကောင်း)

Berry  (ဘယ်ရီသီး) - Bury    (မြှုပ်နှံသည်)

Be      (ဖြစ်သည်)   - Bee     (ပျား)

Wind   (လေ)          - Win     (အနိုင်ရသည်)

  • Homograph
 

   စာလုံးပေါင်းသတ်ပုံ တူပြီး အဓိပ္ပါယ်မတူ အသံ ထွက် မတူတာကို Homograph လို့ခေါ်ပါတယ်။

(Same spelling, different meaning and sound)

Cool  (အေးသည်) - Cool (စတိုင်လန်းသည်)

Bow  (လေး)         - Bow  (ခါးညွတ်ကိုင်းသည်)

Live  (အသက်ရှိ)  - Live   (နေထိုင်သည်)

Wind (လေ)          - Wind (သံပတ်ပေးသည်)

Tear  (မျက်ရည်)  - Tear   (ဆုတ်ဖြဲသည်)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_education




Some text some message..