
Cathy: What subjects did you learn in school?
(ဝှက်ဆက်(ဘ်)ဂျက်(စ်)ဒစ်ယူလန်းအင်စကူး)
ကေသီ။ ။ ကျောင်းမှာ မင်း သင်ယူခဲ့တဲ့ဘာသာစကားက ဘာတွေလဲ။
John: I learned Math, Science, Physics, Biology, Geography, History, Literature, English, Art, and Music.
(အိုင်လန်းမက်(သ်)၊ဆိုင်းယန့်(စ်)၊ဖစ်ဆစ်(စ်)၊ဘိုင်ယောလော်ဂျီ၊ဂျီယောဂရက်ဖီ၊ဟစ်စထရီ၊လက်ထရေချာ၊အတ်(ထ်)အန် မြူးဇစ်)
ဂျွန်။ ။ ကျွန်တော်က သင်္ချာ၊ သိပ္ပံ၊ ရူပဗေဒ၊ ဇီ၀ဗေဒ၊ ပထဝီ၊ သမိုင်း၊ စာပေ၊ အင်္ဂလိပ်စာ၊ ဝိဇ္ဇာဘာသာရပ်နဲ့ ဂီတ ဘာသာရပ်တို့ပဲဖြစ်ပါတယ်။
Cathy: What subject did you like the most when you were at school? Were you good at it?
(ဝှက်ဆက်(ဘ်)ဂျက်ဒစ်ယူလိုက်သယ်မုတ်(စ်) ဝှန်းယူ၀ယ်အတ်စကူး။ ၀ယ်ယာယူဂွတ်ဒက်တစ်)
ကေသီ။ ။ ကျောင်းတက်တုန်းက မင်း အနှစ်သက်ဆုံးဘာသာရပ်က ဘာလဲ။ အဲ့ဒီဘာသာရပ်မှာကော တော်ခဲ့ရဲ့လား။
John: I liked Biology the most although I was excellent at Literature.
(အိုင်လိုက်ဘိုင်ယောလော်ဂျီသယ်မုတ်(စ်) အောသိုးအိုင်၀က်(စ်)အိတ်ဇဲလန့်အက်လက်ထရေချာ)
ဂျွန်။ ။ ကျွန်တော်က စာပေဘာသာရပ်မှာ အတော်ဆုံးဖြစ်ပေမဲ့ ဇီ၀ဗေဒဘာသာရပ်ကို အကြိုက်ဆုံးဖြစ်ခဲ့ပါတယ်။
Cathy: Did your friends like that subject too?
(ဒစ်ယူရာဖရန့်(စ်)လိုက်သယ်ဆက်(ဘ်)ဂျက်တူး)
ကေသီ။ ။ မင်းသူငယ်ချင်းတွေလည်း အဲ့ဒီဘာသာရပ်ကို ကြိုက်ခဲ့ကြသလား။
John: Yes, they did. They enjoyed every single Biology lesson.
(ရက်(စ်) သေဒစ်။ သေအင်ဂျွိုင်းအဲဗရီးဆင်ဂယ်ဘိုင်ယောလော်ဂျီလက်ဆန်)
ဂျွန်။ ။ ဟုတ်ကဲ့။ သူတို့ကြိုက်ခဲ့ပါတယ်။ ဇီ၀ဗေဒဘာသာရပ်သင်ခန်းစာတစ်ခုချင်းစီတိုင်းကို သူတို့ နှစ်သက်ခဲ့ကြ ပါတယ်။

Cathy: Was the textbook written in English or any other language?
(၀က်(စ်)သယ်တက်(စ်)ဘွတ်(ခ်)၀ရစ်တန်းအင် အင်းဂလိပ်(ချ်) အော် အန်းနီးအားသားလန်းဂွေ့(ချ်))
ကေသီ။ ။ အဲ့ဒီဘာသာရပ်ပြဋ္ဌာန်းစာအုပ်ကို အင်္ဂလိပ်၊ ဒါမှမဟုတ် အခြားဘာသာရပ်တစ်ခုခုနဲ့ ရေးသားထားတာ လား။
John: It was written in English.
(အစ်၀က်(စ်)၀ရစ်တန်းအင် အင်းဂလိပ်(ချ်))
ဂျွန်။ ။ အင်္ဂလိပ်ဘာသာစကားနဲ့ပြဋ္ဌာန်းရေးသားထားတာပါ။
Cathy: Who taught that subject?
(ဝှုးထော့သက်ဆက်(ဘ်)ဂျက်)
ကေသီ။ ။ အဲ့ဒီဘာသာရပ်ကို ဘယ်သူသင်ကြားခဲ့တာလဲ။
John: My teacher was Ms. Karen, from the USA.
(မိုင်တီးချယ်၀က်(စ်)မစ်(စ်)ကဲရင် ဖရောင်(မ်)ယူအက်(စ်)အေ)
ဂျွန်။ ။ ကျွန်တော့်ရဲ့ဆရာမက မစ္စကာရင်ပါ။ အမေရိကန်ပြည်ထောင်စုကပါ။
Cathy: How was that subject helpful to you?
(ဟောင်း၀က်(စ်)သက်ဆက်(ဘ်)ဂျက် ဟက်ဖူး(လ်)တူယူ)
ကေသီ။ ။ အဲ့ဒီဘာသာရပ်က မင်းကို ဘယ်လိုအထောက်အကူပြုခဲ့သလဲ။
John: It helped me a lot in becoming a Biology teacher.
(အစ်ဟက်မီအလော့အင်ဘီကမ်းမင်းအဘိုင်ယောလော်ဂျီတီးချယ်)
ဂျွန်။ ။ ဇီ၀ဗေဒဆရာတစ်ယောက်ဖြစ်လာဖို့ အများကြီးအထောက်အကူပြုခဲ့ပါတယ်။

Cathy: How often did you learn that subject?
(ဟောင်းအော့ဖန်းဒစ်ယူလန်းသက်ဆက်(ဘ်)ဂျက်)
ကေသီ။ ။ အဲ့ဒီဘာသာရပ်ကို မကြာခဏဘယ်လိုလေ့လာဖြစ်ခဲ့သလဲ။
John: I often had Biology lessons 5 times a week.
(အိုင်အော့ဖန်းဟက်ဘိုင်ယော်လော်ဂျီလက်ဆန်း(စ်) ဖိုက်တိုင်း(စ်) အဝိ(ခ်))
ဂျွန်။ ။ ဇီ၀ဗေဒဘာသာရပ်သင်ခန်းစာတွေကို တစ်ပတ်မှာ (၅)ကြိမ် လေ့လာဖြစ်ခဲ့ပါတယ်။
Cathy: How long did you spend on that subject at home?
(ဟောင်းလောင်းဒစ်ယူစပန်းအွန်သက်ဆက်(ဘ်)ဂျက်အက်ဟုမ်း)
ကေသီ။ ။ အဲ့ဒီဘာသာရပ်နဲ့ပတ်သက်လို့ အိမ်မှာ အချိန်ဘယ်လောက်ကြာကြာလေ့လာဖြစ်ခဲ့လဲ။
John: I spent roughly 2 hours per day studying Biology at home.
(အိုင်စပန့်ရက်(ချ်)လီး တူးဟာဝါ (စ်)ပါဒေးစတယ်ဒီးယင်းဘိုင်ယော်လော်ဂျီအက်ဟုမ်း)
ဂျွန်။ ။ အကြမ်းဖျင်းပြောရရင် ဇီ၀ဗေဒဘာသာရပ်ကို အိမ်မှာ တစ်နေ့ကို (၂) နာရီ လေ့လာဖြစ်ခဲ့ပါတယ်။
Cathy: Have you ever attended any extra classes for that subject?
(ဟက်(ဗ်)ယူအဲဗားအက်တန်းဒက်အန်းနီးအိတ်စထရာကလက်ဆက်(စ်)ဖော်သက်ဆက်(ဘ်)ဂျက်)
ကေသီ။ ။ အဲ့ဒီဘာသာရပ်အတွက် အချိန်ပိုအတန်းတွေကို တက်ဖူးခဲ့လား။
John: Yes, I have. I usually attended evening classes.
(ရက်(စ်) အိုင်ဟက်(ဗ်)။ အိုင်ယူးရှဲလီးအက်တန်းဒက်အီးဗနင်းကလက်ဆက်(စ်))
ဂျွန်။ ။ ဟုတ်ကဲ့၊ တက်ဖူးပါတယ်။ ညနေအတန်းတွေကို တက်လေ့ရှိခဲ့ပါတယ်။
Cathy: Is it important to study hard on both social sciences and natural sciences?
(အစ်ဆစ်အင်(မ်)ပေါ့တန့်တူစတယ်ဒီးဟာ့(ဒ်)အွန်ဘို့(သ်)ဆိုရှယ်ဆိုင်းယန့်ဆက်(စ်)အန်နက်ထရယ်ဆိုင်းယန့်ဆက်(စ်))
ကေသီ။ ။ လူမှုရေးသိပ္ပံနဲ့ သဘာ၀သိပ္ပံနှစ်ခုစလုံးကို အပြင်းအထန်လေ့လာရအောင် အရေးပါသလား။
John: No, it isn’t. Students should study the ones they like and those that are helpful to their career path.
(နိုး၊ အစ်ထစ်ဆန့်။ စတူးဒန့်(စ်)ရှို့စတယ်ဒီးသယ်၀မ်း(စ်)သေလိုက် အန်သိုး(စ်)သက်အာဟက်ဖူး တူသယ်ယာ ကယ်ရီယာပက်(သ်))
ဂျွန်။ ။ နိုး၊ အရေးမပါပါဘူး။ ကျောင်းသားကျောင်းသူတွေက သူတို့နှစ်သက်ရာဘာသာရပ်တွေနဲ့ သူတို့ရဲ့ အသက်မွေး၀မ်းကျောင်း အလုပ်လမ်းကြောင်းမှာ အထောက်အကူပြုတဲ့ ဘာသာရပ်တွေကိုသာ လေ့လာသင့်ပါတယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_education