
မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားသော အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်း (၂၅) ကျောင်းနှင့် လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များ၊ သင်ကြားပေးနေသည့် ဒီပလိုမာ၊ ကာလတို သင်တန်းများနှင့် ပေးအပ်နေသည့် ဘွဲ့ဒီဂရီများကို အောက်တွင် ဖော်ပြလိုက်ပါသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)
အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်)
အစိုးရစက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ)
ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်း
အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)
အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)
အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ပန်းတောင်း)
အစိုးရစက်မှုလက်မှုသိပ္ပံ (မြင်းခြံ)
အစိုးရစက်မှုလက်မှုသိပ္ပံ (မကွေး)
အစိုးရစက်မှုလက်မှုသိပ္ပံ (ဂန့်ဂေါ)
အစိုးရစက်မှုလက်မှုသိပ္ပံ (ရေနံချောင်း)
အစိုးရစက်မှုလက်မှုသိပ္ပံ (ချောက်)
အစိုးရစက်မှုလက်မှုသိပ္ပံ (သရက်)
အစိုးရစက်မှုလက်မှုသိပ္ပံ (လပွတ္တာ)
အစိုးရစက်မှုလက်မှုသိပ္ပံ (ဝါးခယ်မ)
အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)
အစိုးရစက်မှုလက်မှုသိပ္ပံ (မိုးညှင်း)
အစိုးရစက်မှုလက်မှုသိပ္ပံ (ပူတာအို)
အစိုးရစက်မှုလက်မှုသိပ္ပံ (ကန့်ဘလူ)
အစိုးရစက်မှုလက်မှုသိပ္ပံ (ခန္တီး)
အစိုးရစက်မှုလက်မှုသိပ္ပံ (လွိုင်ကော်)
အစိုးရစက်မှုလက်မှုသိပ္ပံ (ဟားခါး)
အစိုးရစက်မှုလက်မှုသိပ္ပံ (သံတွဲ)
အစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်)
အစိုးရစက်မှုလက်မှုသိပ္ပံ (လက်ပံတန်း)
အထက်ပါ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းများသို့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး အမှတ်မီသူများ ဝင်ခွင့်လျှောက်လွှာ တင်သွင်းနိုင်ပြီး အောက်ပါ အချက်အလက်များ ပူးတွဲ ပေးပို့ရန် လိုအပ်သည်။
လိုအပ်သော အချက်အလက်များ
မှတ်ပုံတင်မိတ္တူ ( ကျောင်းသား/ မိဘ )အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူဆေးထောက်ခံစာမူရင်းအမှတ်စာရင်းမူရင်းပတ်စပို့စ်အရွယ် ရောင်စုံဓါတ်ပုံ (၃) ပုံ
ရရှိနိုင်မည့် ဒီပလိုမာများ
မြို့ပြသင်တန်းအတွက် A.G.T.I Diploma Certificateအီလက်ထရောနစ်သင်တန်းအတွက် A.G.T.I Diploma Certificateလျှပ်စစ်စွမ်းအားသင်တန်းအတွက် A.G.T.I Diploma Certificateစက်မှုသင်တန်းအတွက် A.G.T.I Diploma Certificate
သင်ကြားပေးနေသည့် ကာလတို သင်တန်းများ
အခြေခံကွန်ပျူတာသင်တန်းဒီဇယ်အင်ဂျင်စက်ပြင်သင်တန်းမော်တော်ယဉ်မောင်းသင်တန်းအိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်းတစ်လုံးထိုးအင်ဂျင်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်းသံချည်သံကွေးသင်တန်းအခြေခံပန်းရံသင်တန်းဂဟေဆက်သင်တန်းအခြေခံမြေတိုင်းတာခြင်းသင်တန်းအခြေခံလက်သမားသင်တန်းAuto Card 2D အခြေခံသင်တန်းCreating Circuit Design Using PCB သင်တန်းMotor Control သင်တန်းSplit Type Air-Conditioner Installation သင်တန်း
သက်ဆိုင်ရာ ကျောင်းအလိုက် သင်ကြားပေးနေသည့် ဒီပလိုမာနှင့် ကာလတိုသင်တန်းများ၊ ပေးအပ်သည့် ဘွဲ့လက်မှတ်များ အနည်းငယ် ကွာဟမှု ရှိနိုင်သဖြင့် မိမိလျှောက်ထားလိုသည့် ကျောင်း၏ ဝက်ဆိုက်ဒ်များသို့ ဝင်ရောက်၍ အသေးစိတ် လေ့လာ ကြည့်ရှုနိုင်သည်။