
ပြည်တွင်းရှိ ဖက်ရှင်ဝါသနာရှင်များအတွက် Goethe-Institut Myanmar နှင့် Institut français de Birmanie (ပြင်သစ်ယဉ်ကျေးမှုဌာန) တို့ ပူးပေါင်း၍ (၆) လတာ ကြာမြင့်မည့် ဖက်ရှင်သင်တန်းအစီအစဉ်ကို အောက်တိုဘာ (၂၇) ရက် နေ့မှစ၍ ပြုလုပ်သွားမည် ဖြစ်သည်။
ပြည်တွင်း အဝတ်အထည်ဈေးကွက်၌ ဖက်ရှင်ဒီဇိုင်းနာအဖြစ် လည်းကောင်း၊ အဝတ်အထည် အမှတ်တံဆိပ်တစ်ခု ဖန်တီးသူအဖြစ်လည်းကောင်း၊ ရပ်တည်လိုသူများအတွက် ဤအစီအစဉ်ကို ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
အစီအစဉ်တွင် အောက်ပါဘာသာရပ်များကို ပြည်တွင်းရှိ ကျွမ်းကျင်ပညာရှင်များက စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်သည်။
Fashion Design
Fashion Business
Fashion Illustration
Pattern Making, Draping and Sewing
Fashion History
Textile
စိတ်ပါဝင်စား၍ လျှောက်ထားလိုသူများအနေဖြင့်…
သင့်တင့်သော စက်ချုပ်ပညာ တတ်မြောက်ထားရပါမည်။
ပက်တန် (Pattern) ဘာသာရပ်အတွက် အခြေခံအဆင့် တတ်မြောက်ထားရပါမည်။
အနည်းဆုံး အခြေခံပညာ အထက်တန်းအဆင့်အထိ တက်ရောက်ဖူးသူ ဖြစ်ရပါမည်။
ကိုယ်တိုင်ဖန်တီးထားသော ချုပ်လုပ်မှုဆိုင်ရာ လက်ရာများ၊ ဖန်တီးမှုဆိုင်ရာ လက်ရာများ တင်ပြနိုင်ရပါမည်။
ကိုယ်ရေးကိုယ်တာ အချက်အလက်ဆိုင်ရာ အကြောင်းအရာများနှင့် ဤအစီအစဉ်တွင် မိမိပါဝင်ရပါက မိမိအတွက် မည်သို့ အကျိုးဖြစ်ထွန်းစေနိုင်မည် ဖြစ်ကြောင်းတို့ကို ဖော်ပြ ရှင်းလင်း တင်ပြထားချက်များကို ရေးသားပေးပို့ရန် လိုအပ်ပါမည်။
မြန်မာဘာသာစကားဖြင့်သာ သင်ကြားသွားမည် ဖြစ်ကာ ဖော်ပြပါ အချက်အလက်များသာ လိုအပ်ပြီး အသက်အရွယ်၊ ကျား/မ မည်သည့် ကန့်သတ်ချက်မှ မရှိပါ။
Portfolio အတွက် အဓိကလိုအပ်ချက်များ
ကိုယ်တိုင်ချုပ်လုပ်ထားသော အဝတ်အထည် (၃) မျိုး (မည်သည့် အမျိုးအစားမဆို အကျုံးဝင်ပါသည်။)
Fashion Mood board (၁) ခု
Fashion Illustration (၃) ခု
ထို့အပြင် အောက်ဖော်ပြပါ ဖန်တီးမှုများလည်း ထပ်ဆောင်း ဖြည့်သွင်း၍ လျှောက်ထားနိုင်သည်။
ဖက်ရှင်နှင့် ပတ်သက်သော ဓါတ်ပုံ၊ ဖက်ရှင်လှုပ်ရှားမှု၊ တင်ဆက်ပြသမှုများ (မည်သည့်ဖန်တီးမှုမဆို)
သရုပ်ဖော် အနုပညာလက်ရာများ (မည်သည့်ပုံစံဖြင့်မဆို)
လက်မှုပညာ ချုပ်လုပ်မှုများ (မည်သည့်ဖန်တီးမှုမဆို)
သင်ကြားပေးမည့် ဆရာများ
ဦးစောမြင့်ရွှန်းလက်ပိုင်ဇင်မင်းသိုက်
လျှောက်ထားရမည့် ရက်
(၆) အောက်တိုဘာ ၂၀၂၃ မှ (၁၅) အောက်တိုဘာ ၂၀၂၃ ( ည၁၂ နာရီအထိသာ )
လျှောက်ထားရန် အီးမေး
culture@ifbirmanie.com
ပဏာမ ရွေးချယ်ခံရသူများအတွက် လူတွေ့ တွေ့ဆုံမေးမြန်းမည့် ရက်
(၁၉) နှင့် (၂၀) အောက်တိုဘာ ၂၀၂၃
လူကိုယ်တိုင် လာရောက်သင်ယူရမည့် သင်တန်းကာလ
(၂၇) အောက်တိုဘာ ၂၀၂၃ မှ (၃၀) ဧပြီ ၂၀၂၄
သင်တန်း တည်နေရာများ
Goethe-Institut Myanmar
Corner of Kabar Aye Pagoada Road and Nat Mauk Street, Bahan Township, Yangon, Myanmar, Yangon, Myanmar
Institut français de Birmanie (ပြင်သစ်ယဉ်ကျေးမှုဌာန)
340, Pyay Road, Sanchaung Township, Yangon, Myanmar