GED Course အခမဲ့ သင်ယူလိုသူတွေအတွက် CYLD Program
edge.com.mm
|
2024-02-16

သင်က စကော်လာရှစ်လျှောက်ဖို့ ပြင်ဆင်နေသူလား? GED Course ကို သင်ယူဖို့ ငွေကြေး အခက်အခဲရှိနေသူလား?

ပညာရေးတစ်ပိုင်းတစ်စနဲ့မို့ အထက်တန်းအောင်လက်မှတ် မရှိတာမျိုး၊ ကိုယ်စကော်လာလျှောက်မယ့် ကျောင်းဘက်က GED အောင်လက်မှတ် တောင်းနေတာမျိုးဆို BEAM Education Foundation က စီစဉ်တဲ့ Community Youth Leader Development - CYLD က သင်လျှောက်ကိုလျှောက်ရမယ့် Program ဖြစ်ပါတယ်။

CYLD ဆိုတာ ဘယ်လို Program မျိုးလဲ?

ပညာရေးကို လိုလားကြတဲ့ လူငယ်တွေအတွက် GED Exam ကို အခမဲ့ ပြင်ဆင်သင်ကြားပေးရုံသာမက  Leadership Skills တွေ၊ Personal Developnent Skills တွေကိုပါ လေ့ကျင့်သင်ကြားပေးမယ့် Program ဖြစ်ပါတယ်။ သင်တန်းကာလက ၁၀ လကြာမြင့်မှာဖြစိပြီး Zoom ကနေတဆင့် သင်ယူရမှာဖြစ်ပါတယ်။ 

ဘယ်လိုလူတွေ လျှောက်လို့ရလဲ?

အသက် (၁၆) နှစ်နဲ့ အထက်ရှိသူများနယ်စပ်ဒေသ (သို့) တခြားဒေသမှ စစ်ဘေးရှောင်များ ငွေကြေးအခက်အခဲရှိသူများအင်္ဂလိပ်ဘာသာစကား Intermediate Level ရှိသူများပညာသင်ကြားရန် စိတ်အားထက်သန်မှုရှိပြီး Program ပြီးဆုံးတဲ့အထိ သင်ယူနိုင်မယ့်သူများလျှောက်လွှာဖောင်ပိတ်မယ့်ရက်ကတော့ မတ်လ (၄) ရက်နေ့ (မြန်မာစံတော်ချိန် ည ၁၁:၂၅ မိနစ်) ဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့ ကျောင်းသား/သူတွေကို အီးမေးလ်ကနေတဆင့် အကြောင်းပြန်မှာဖြစ်ပြီး ၀င်ခွင့်စာမေးပွဲ ဖြေဆိုရပါမယ်။ ဝင်ခွင့်စာမေးပွဲမှာ အမှတ်အများဆုံးရတဲ့ ကျောင်းသား/သူတွေကို အင်တာဗျူးခေါ်ဆိုမှာပါ။ အင်တာဗျုးအောင်တဲ့သူတွေကိုတော့ မေလကျမှ ပြန်လည်ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။

ဖောင်လျှောက်ရန် >>

https://docs.google.com/forms/d/e/1FAIpQLSeskqHb260ZGX0ajQBSAb91jRYqpLzNvp2_GbRTxBUEfeH3xA/viewform ပရိုဂရမ်အကြောင်း အသေးစိတ် ဖတ်ရှုရန် >>

https://beamedu.org/cyld-program/?fbclid=IwAR3Nng-ManzxOCHRsh57bu5nG33h_TUu7cahrLYhkyCFPeHg8kPPedfa76E



Some text some message..