ကလေးငယ်တွေအတွက် နွေရာသီကျောင်းပိတ်ရက် အထူးသင်တန်းများ
edge.com.mm
|
2024-02-21

သားသား၊ မီးမီးတို့ရဲ့ နွေရာသီကျောင်းပိတ်ရက်တွေကို အိမ်မှာနေရင်း ကုန်ဆုံးစေမယ့်အစား အကျိုးရှိရှိ အသုံးချနိုင်ဖို့ နွေရာသီအတွင်း ဖွင့်လှစ်ထားတဲ့ သင်တန်းတချို့ကို မျှဝေပေးချင်ပါတယ်။ ကလေးတွေအတွက် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုမှာ အထောက်အကူပြုတဲ့ ရေကူးသင်တန်း၊ နည်းပညာပိုင်း တိုးတက်မှုအတွက် ကွန်ပျူတာသင်တန်း၊ အတတ်ပညာပိုင်းအတွက် အင်္ဂလိပ်စာသင်တန်း၊ အနုပညာနဲ့ တီထွင်ဖန်တီနိုင်စွမ်းတွေ မြင့်မားဖို့အတွက် ပန်းချီသင်တန်းနဲ့ ဂီတသင်တန်းတို့ ပါဝင်ပါတယ်။ သက်ဆိုင်ရာ သင်တန်းကျောင်း၊ သင်တန်းကြေးနဲ့ သင်တန်းစမယ့်ရက်တွေကိုတော့ အောက်မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။ 

Art Zone - ပန်းချီသင်တန်း

Art Zone ပန်းချီသင်တန်းကျောင်းတွင် ပန်းချီပညာကို အသက်အငယ်ဆုံး (၄) နှစ်အရွယ်မှ စပြီး အရွယ်စုံ တက်ရောက်သင်ကြားနိုင်ပါတယ်။ သင်တန်းမှာ သွားတက်ချင်သူတွေအတွက် (on campus) အပြင်တန်းနဲ့ Online မှတက်ချင်သူတွေအတွက် (zoom online class)  ၂ မျိုးလုံး ဖွင့်လှစ်ပေးထားပါတယ်။

ပန်းချီဆွဲရာမှာ လိုအပ်တဲ့ ဆေးရောင်/စုပ်တံအစရှိသည်တို့ကို သင်တန်းမှာ ထားရှိပေးထားမှာဖြစ်တဲ့အတွက် သင်တန်းသားတွေအနေနဲ့ ယူလာစရာ မလိုပါ။ အခြေခံ မသင်ဖူးသေးဘူးဆိုလျှင် အခြေခံမှ စတင်သင်ကြားပေးတာဖြစ်ပြီး  အခြေခံ ရှိပြီးသားသူများအတွက် လိုအပ်ချက်ပေါ် မူတည်ပြီး လိုက်နိုင်မည့် level ကနေ ဆက်လက်သင်ကြားပေးတာ ဖြစ်ပါတယ်။ 

Color Pencil / Crayon/ Pastel Poster ColorPencil Art Watercolor Acrylic Oil စတဲ့ Medium မျိုးစုံကို Level အလိုက် အဆင့်ဆင့် သင်ကြားပေးခြင်းမျိုး  ဖြစ်ပါတယ်။ 

သင်တန်းကို မတ်လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်မှာ ဖြစ်ပြီး တစ်ပတ် (၂) ရက်နဲ့ (၃) လ တက်ရောက်ရပါမယ်။သင်တန်းကြေးမှာ (၃) လပြတ်အတွက် -

အသက် ၄ နှစ်မှ ၆ နှစ်အထိ - 150000/-ks အသက် ၇ နှစ်မှ ၈ နှစ်အထိ - 160000/- ksအသက် ၈ နှစ်ကျော် မှ ၁၂ နှစ်အထိ - 190000/-ksအသက် ၁၂ နှစ်ကျော်နှင့် အထက် - 215000/-ks 

သင်တန်းချိန်များ
--------
Sat ,Sun  တန်းခွဲများ ( start March 2 to May 26 )

10:00 to11:30 AM
2:00 to  3:30 PM
4:00 to  5:30 PM

Tue , Wed တန်းခွဲများ ( start March 5 to May 29 )

10:00 to11:30 AM
3:00 to  4:30 PM
5:00 to 6:30 PM

Thu ,Fri တန်းခွဲများ ( start March 7 to May 31 )

9:00 to 10:30 
4:00 to  5:30 PM

Ph : 09 450050473 / 09 459830963

အမှတ် ၁၈၁/ ၁၈၃ ၊ ပထမထပ် ၊ ၅၁လမ်း ( အထက် )၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

British Council - အင်္ဂလိပ်စာသင်တန်

ကလေးတွေအတွက် နွေရာသီ အင်္ဂလိပ်စာသင်တန်းကို British Council မှာ စရင်းပေးသွင်းနိုင်ပါပြီ။ အသက် ၇ နှစ်မှ ၁၅ နှစ် ကလေးတွေအတွက် အင်္ဂလိပ်စာသင်တန်းကို မတ်လ ၂၅ ရက်မှ ဧပြီ ၁၁ ရက်နေ့အထိ ဖွင့်လှစ်သွားမှာပါ။ 

သင်တန်းကြေးမှာ ကျပ် 380,000 MMK ဖြစ်ပြီး တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ပတ်မှာ (၅) ရက် တက်ရောက်ရမှာ ဖြစ်ပါတယ်။ သင်တန်းက တစ်နေ့ (၂) နာရီ၊ သင်ကြားချိန် စုစုပေါင်းနာရီ (၂၆) နာရီရှိပြီး Placement Test ဖြေရန်မလို၊ စာအုပ်ဝယ်ရန် မလိုပါ။ 

78, Kanna Road, Kyauktada Tsp, Yangon

09 940 070099

Aqua King Myanmar Swimming Club - ရေကူးသင်တန်း

Aqua King Myanmar Swimming Club မှာ နွေရာသီအခြေခံနှင့် အဆင့်မြင့်ရေကူးသင်တန်းတွေကို စတင်ဖွင့်လှစ်နေပါပြီ။ 

အခြေခံရေကူးသင်တန်း (Learn to swim class)

1. Morning & Afternoon Class

သင်တန်းရက်

တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေ (တပတ် ၆ ရက်) 

သင်တန်းကာလ - ၂ ပတ်

(၁၅.၀၂.၂၀၂၄ မှ ၂၇.၀၂.၂၀၂၄)(၂၉.၀၂.၂၀၂၄ မှ ၁၂.၀၃.၂၀၂၄)(၁၄.၀၃.၂၀၂၄ မှ ၂၆.၀၃.၂၀၂၄)(၂၈.၀၃.၂၀၂၄ မှ ၀၉.၀၄.၂၀၂၄)(၁၈.၀၄.၂၀၂၄ မှ ၃၀.၀၄.၂၀၂၄)(၀၂.၀၅.၂၀၂၄ မှ ၁၄.၀၅.၂၀၂၄)(၁၆.၀၅.၂၀၂၄ မှ ၂၈.၀၅.၂၀၂၄) 

ရေကူးသင်တန်းချိန် 

နံနက် ၈:၀၀ နာရီ - ၉:၁၅ နာရီ (08:00 am - 09:15 am )နေ့လည် ၁၂:၁၅ နာရီ - ၁:၃၀ နာရီ (12:15 pm - 01:30 pm )  

သင်တန်းချိန် - (၁၂) ချိန်

တချိန်လျှင် ၁ နာရီ ၁၅ မိနစ် 

ရေကူးသင်တန်းကြေး

၁၄၀,၀၀၀ ကျပ် (140,000 Ks) 

2. Evening Special Class

သင်တန်းသားဦးရေ - ၁၅ ဦးသာ

သင်တန်းရက်

တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေ (တပတ် ၆ ရက်) 

သင်တန်းကာလ - ၂ ပတ်

(၁၅.၀၂.၂၀၂၄ မှ ၂၇.၀၂.၂၀၂၄)(၂၉.၀၂.၂၀၂၄ မှ ၁၂.၀၃.၂၀၂၄)(၁၄.၀၃.၂၀၂၄ မှ ၂၆.၀၃.၂၀၂၄)(၂၈.၀၃.၂၀၂၄ မှ ၀၉.၀၄.၂၀၂၄)(၁၈.၀၄.၂၀၂၄ မှ ၃၀.၀၄.၂၀၂၄)(၀၂.၀၅.၂၀၂၄ မှ ၁၄.၀၅.၂၀၂၄)(၁၆.၀၅.၂၀၂၄ မှ ၂၈.၀၅.၂၀၂၄) 

ရေကူးသင်တန်းချိန် 

ညနေ ၆:၃၀ နာရီ - ၇:၄၅ နာရီ (06:30 pm - 07:45 pm) 

သင်တန်းချိန် - (၁၂) ချိန်

တချိန်လျှင် ၁ နာရီ ၁၅ မိနစ် 

ရေကူးသင်တန်းကြေး

၂၀,၀၀၀ ကျပ် (220,000Ks) 

အဆင့်မြင့်ရေကူးသင်တန်း (Advance Class Morning & Afternoon) (အခြေခံရေကူးသင်တန်း တတ်မြောက်အောင်မြင်ပြီးသူများသာ)

သင်တန်းရက်

တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေ (တပတ် ၆ ရက်) 

သင်တန်းကာလ - ၂ ပတ်

(၁၅.၀၂.၂၀၂၄ မှ ၂၇.၀၂.၂၀၂၄)(၂၉.၀၂.၂၀၂၄ မှ ၁၂.၀၃.၂၀၂၄)(၁၄.၀၃.၂၀၂၄ မှ ၂၆.၀၃.၂၀၂၄)(၂၈.၀၃.၂၀၂၄ မှ ၀၉.၀၄.၂၀၂၄)(၁၈.၀၄.၂၀၂၄ မှ ၃၀.၀၄.၂၀၂၄)(၀၂.၀၅.၂၀၂၄ မှ ၁၄.၀၅.၂၀၂၄)(၁၆.၀၅.၂၀၂၄ မှ ၂၈.၀၅.၂၀၂၄) 

ရေကူးသင်တန်းချိန်

နံနက် ၈:၀၀ နာရီ - ၉:၁၅ နာရီ ( 08:00 am - 09:15 am )နေ့လည် ၁၂:၁၅ နာရီ - ၁:၃၀ နာရီ ( 12:15 pm - 01:30 pm )  

သင်တန်းချိန် - (၁၂) ချိန်

တချိန်လျှင် ၁ နာရီ ၁၅ မိနစ် 

ရေကူးသင်တန်းကြေး

၁၄၀,၀၀၀ ကျပ် (140,000 Ks) 

သင်တန်းကြေးတွင် နည်းပြဆရာကြေး၊ ရေကူးကန်ကြေးတို့ ပါဝင်ပါတယ်။ တခြားဘယ် fee မှ ထပ်မံပေးသွင်းစရာ မလိုပါ။ အသက် (၈) နှစ်မှ စပြီး လက်ခံပါတယ်။ 

ဗဟိုစည်အိမ်ရာ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

ဆက်သွယ်စုံစမ်းရန် - 09-75-297-4847  (နံနက် ၈ နာရီမှ ညနေ ၄ နာရီအတွင်းသာ)

KMD - ကွန်ပျူတာသင်တန်း

နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိရှိ အသုံးချနိုင်ရန်အတွက် KMD မှာ Summer Kid Course တွေကို ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။  

Computer အခြေခံကျွမ်းကျင်မှုအတွက် Microsoft Office ရုပ်ပုံဒီဇိုင်းတွေကို AI နည်းပညာနဲ့ စိတ်တိုင်းကျ ဖန်တီးတတ်ဖို့အတွက် Photo Editing ကလေးတွေ Creative Skill တိုးတက်အောင် Game တွေ၊ ကာတွန်းပုံတွေပါတဲ့ ဇာတ်လမ်းလေးတွေကို ဖန်တီးနိုင်ဖို့ block-based ကို အသုံးပြုပြီး သင်ကြားပေးတဲ့ Coding Platform တစ်ခု Scratch Programming  Programming ပညာရပ်ထဲမှာ မဖြစ်မနေ သိထားသင့်တဲ့ Python Programming Personal Profile တွေ၊ Biography တွေကို Website ဖန်တီးတတ်စေပြီး Web Page တွေ ဖန်တီးနိုင်ဖို့နဲ့ လုပ်ငန်းတွေကို ကြော်ငြာဒီဇိုင်းအနေနဲ့ ဖန်တီးတတ်ဖို့ Web Designကလေးတွေကို Programming Concept နဲ့ ငယ်ငယ်တည်းက ရင်းနှီးစေပြီး Program ကို ဖန်တီးတတ်နိုင်ဖို့ Scratch Jr စတဲ့ အသက် ၈ နှစ်အရွယ်ကတည်းက တက်ရောက်နိုင်တဲ့ Kid Course တွေကို KMD Institute မှာ ဖေဖော်ဝါရီ (၂၆) ရက်နေ့ကနေစပြီး ဖွင့်လှစ်သွားမှာပါ။  

သင်တန်းကြေးနဲ့ သင်တန်းအချိန်တွေကိုတော့ KMD Institute ရဲ့ Page Messenger မှာ (သို့) 
09 42805 5067 ကို ဖုန်းဆက်ပြီး မေးမြန်းနိုင်ပါတယ်။ 

Yangon Music Centre - ဂီတသင်တန်း

Yangon Music Centre မှ Summer Music  Class ကို March 4 ရက်​နေ့တွင် စတင်ဖွင့်လှစ်မှာပါ။ ၃ လသင်တန်းဖြစ်ပြီး တစ်ပတ် (၃) ရက်နဲ့ အဖွဲ့လိုက် သင်ကြးပေးမယ့် အတန်းဖြစ်ပါတယ်။ Mon, Wed, Fri တစ်ပတ် ၃ ရက် သတ်မှတ်ထားပေမဲ့ သတ်မှတ်ထား​တဲ့ ရက်တွေမှာ အဆင်မပြေရင် ကျောင်းသား/သူတွေရဲ့ အားလပ်ချိန်နဲ့ ပြန်ညှိပေးပါတယ်။ 

သင်ကြား​ပေးမယ့် မှာ Summer Music  Class မှာ Course (၃) မျိုး ပါဝင်ပါတယ်။ 

Singing and MovementMusical InstrumentsMusic and Movement 

အသက် (၈) နှစ်မှ စပြီး လူငယ်၊ လူကြီးမရွေး တက်ရောက်နိုင်ပါတယ်။ အချိန်ကတော့ (၁) ရက်ကို တစ်နာရီခွဲ သင်ကြားပေးမှာပါ။

သင်တန်းကြေး

Entrance Fees: 20,000 kyats Document Fees: 50,000 kyats Class Fees: 600,000 kyats  

သင်တန်းချိန်

Group A - 9:00 am to 10:30 am Group B - 10:30 am to 12:00 pmGroup C - 1:00 pm to 2:30 pm 

Phone: 09 45855 2060

Address: No 203,Thumingalar Street, Near Yangon International School (YIS), Thingangyun Township,Yangon.
 









Some text some message..